Part Three

1.7K 216 28
                                    


အချိန်တွေက မြန်လိုက်တာ ဘာလိုလိုနဲ့ november တောင်ကုန်တော့မယ်။ Jimin သဘောကျတဲ့ december လဲရောက်တော့မယ်။ ပထမဆုံး နှင်းကို အတူတူ ကြည့်ခွင့်ရရင် သိပ်ကောင်းမှာဘဲ။

ဘူတာရုံထဲက ထွက်လာပြီဖြစ်တဲ့ Jimin ဟာ သူ့မူပိုင်အပြုံးလေးနဲ့ ကျွန်တော့်နားရောက်လို့လာသည်။

" ဒီနေ့ ဘယ်လိုလဲ... "

" ဆိုယောင်းနဲ့ ထမင်းတူတူစားပြီး language အချိန် တက်ခဲ့ရတယ် မင်းက ညနေ လာကြိုမယ်ဆိုတော့ ပြန်လာချင်တာတောင် ပြန်မလာရဘူး။ "

" အောင့်အီးပြီး စာသင်ခဲ့ရတယ်ပေါ့။ "

" အင်းပေါ့.. "

" တက်.... လိုက်ပို့ပေးမယ့် နေရာတစ်ခုရှိတယ်။ "

စက်ဘီးကို ခွရင်းက စကားထပ်မံ ဆက်ဆိုလိုက်မိ၏။

" နဲနဲဝေးတာမို့ နောက်ခုံကလိုက်နော်။ "

နောက်ခုံလေးပေါ်တက်ထိုင်ရင်း Jimin ကအမေးရှိလာသည်။

" ဘယ်ကိုလဲ။ "

" ရောက်ရင် သိလိမ့်မယ်။ "

ထွက်ခွာသွားပြီဖြစ်တဲ့ ဒီနေ့ရဲ့ စက်ဘီးလေးမှာတော့ ရယ်သံလေးတွေကော အပြုံးလေးတွေကော ပျောက်ကွယ်လို့နေခဲ့တယ်။

" ပန်းခင်းစီသွားနေတာလား Jung Kook။ "

တစ်လမ်းလုံးတစ်ဆိတ်လာခဲဲ့တဲ့ Jimin ဟာ ပန်းခင်းထဲဝင်တဲ့လမ်းမှာ စကားစဆိုလာသည်။

" မဟုတ်ဘူး... တစ်ခြားနေရာ။ "

" ဒီနေရာမှာ တစ်ခြားနေရာရှိသေးလို့လား။ "

" အင်း.... Jimin သဘောကျတဲ့ နေရာ။ "

တစ်ဖန်ပြန်လည်တစ်ဆိတ်သွားကာ လိုက်ပါလာတော့သည်။ စိတ်ထဲတော့ ဘယ်နေရာလဲ .... ဘယ်နေရာလဲ တွေးနေမှာ အမှန်ပင်။

" ရောက်ပြီ... "

စက်ဘီးလေးရပ်ကာ ဆိုလိုက်တော့ ကျွန်တော်ကျောနောက်ဘေး ကနေ ခေါင်းလေးထွက်ပြီး ရှေ့ကိုကျော်ကြည့်လာသည်။ ပြီးတော့ အံသြသွားပုံရတယ် ခုံပေါ်ကနေ ဆင်းကာ တံခါးပေါက်စီသို့ ဦးတည်နေခဲ့သည်။

" ဒီ အိမ်ကိုလာတာလား။ "

" အင်း.. ဒီအိမ်ကိုသဘောကျတယ်မလား။ "

The Director Tempat cerita menjadi hidup. Temukan sekarang