ဗီရိုကြီးဖွင့်ကာ အင်္ကျီရှာနေသော်လဲ မြင်နေရတဲ့ အရောင်တွေက အမဲ နဲ့ ခဲရောင်များစွာ။ အချိန်က ကပ်နေပြီဖြစ်သောကြောင့် လက်သင့်ရာ အင်္ကျီတစ်ထည်ကိုသာ ကောက်စွပ်ပြီး Hoodie အဖြူရောင်တစ်ထည်ကို ဝတ်ချလိုက်မိတော့သည်။ ကင်မရာအိတ်ကို ကျကျနနလွယ်ကာ မှန်ကိုတစ်ချက်လှမ်းရှိုးပြီး မျက်နှာတစ်ဝိုက်ကျနေတဲ့ ရှေ့ဆံပင်တွေကို ဆွဲဖွ မိတော့သည်။ ဒုံရင်းပါဘဲ Jung Jung Kook ရေ။
သွားဖို့အချိန်ကျလာပြီဖြစ်တဲ့အတွက် လှေကားတစ်ဝက်အရောက် အပေါ်ထပ်တက်လာတဲ့ ဒေါ်လေးနဲ့ဆုံလေတော့သည်။
" အစောကြီး ဘယ်လဲ။"
" ဟုတ်....ကျောင်း ရိုက်ကူးရေးရှိလို့။ "
" ဟုတ်လား... ဒါဆို နေဦး" ဆိုကာ လှေကားက ပြန်ဆင်းပြီး အိမ်ထဲ ဝင်သွားတော့သည်။ ပြန်ထွက်လာတော့ အပြာရောင် ဘူးသေးသေးကို လက်ထဲထည့်ကာပေးလာသည်။
" ဘာကြီးလဲ။ "
" ထမင်းလိပ်.... "
" တစ်ကယ်ပါဘဲ..... ငါတို့ ဒေါ်လေး အကောင်းဆုံး။ "
ဒေါ်လေးကို သိုင်းဖက်ကာ ဆိုမိတော့ အပြုံးတွေနဲ့အတူ ကျွန်တော့်ကျောလေးအား ခပ်ဖွဖွ ပုတ်ပေးလာသည်။ ကလေးမရှိကြတဲ့ ဇနီးမောင်နှံဖို့ ကျွန်တော်ဟာ သူတို့အတွက် တူလို သားလို ဖြစ်နေရတော့သည်။
" ဂရုတစိုက်သွားနော်။ "
" ဟုတ်... ကျွန်တော် သွားပြီ။ ထမင်းလိပ်လဲကောင်းကောင်းစားပါ့မယ်။ "
" အွန်း...."
ဒီတစ်လော ပုံမှန်ထက်ပိုပြုံးရယ်နေတဲ့ ကောင်လေး အကြောင်း မမကို အသိပေးရတော့မယ် ထင်တယ်။ ပြီးတော့ အပေါ်တက်လာတုန်းက သတိထားမိလိုက်တဲ့အရာလေးကြောင့် မေးခွန်းတွေလဲ တန်းစီလို့နေတော့သည်။
___________________________________________
ပိတ်ရက်ဆို နေဖင်ထိုးတဲ့ထိ အိပ်တက်တဲ့ ကျွန်တော်က ရောင်နီလင်းစအချိန်ကြီး ရပ်ကွက်ထဲက လမ်းမပေါ်ရောက်လို့နေတော့သည်။ ကျောင်း ရိုက်ကူးရေးတဲ့ ရယ်ရတယ် Jeon Jung Kook ရေး။ လိပ်ပြာလုံပါစေ မင်း။
လှမ်းမြင်နေရပြီဖြစ်တဲ့ လမ်းထိပ်မှာ စောင့်နေတဲ့သူကို မတွေ့သေးတဲ့အတွက် ကျွန်တော် စောနေတာများလား တွေ့မိတော့သည်။ သို့သော် ကျွန်တော် ဓာတ်တိုင်အောက်အရောက် ဘေးကနေ ဘွားကနဲ ပေါ်လာတဲ့ သူကြောင့် စက်ဘီးဘရိတ်ကိုပြေးဆွဲမိတော့၏။
DU LIEST GERADE
The Director
Romantikဒုတိယအကြိမ် Project လေးမှာ ပါဝင်ဖြစ်ခဲ့တဲ့ KookMin Faction လေးပါ။ ပါဝင်ပေးခဲ့ကြတဲ့သူတွေကော လုပ်အားပါဝင်ပေးခဲ့ကြတဲ့ authorsတွေ ကော အမှတ်တရ တစ်ခုအဖြစ်ထင်ကျန်ရစ်ခဲ့ရပါတယ်။ ပါဝင်ခွင့်ရခဲ့လို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီFic ကလေးကိုဖတ်ပြီး ပျော်ရွှင်ခြင...