01

3.1K 273 66
                                    


⟨ Unicode Version ⟩

How To Raise Kookies



တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်ရဲ့အလယ်မှာ တည်ရှိနေသော ဟန်းနွတ်အိမ်လေးတစ်အိမ် ...။ ထိုအတွင်းမှာတော့ Mengduကိုကိုင်ကာ ကြိုးနီတွေနဲ့ ဝေ့ယမ်းကခုန်နေကြတဲ့လူတစ်ယောက်။ ရှင်းရှင်းပြောရင်အမျိူးသမီးကြီးတစ်ယောက်။ အခန်းပတ်ပတ်လည်ကိုတော့ ကြိုးနီတွေနဲ့တားထားကာ ရှုပ်ယှက်ခတ်လှသောစာလုံးတွေက စာရွက်အဝါအောက်ခံတွင် အနီရောင်မှင်ဖြင့် စီခြယ်ထားသည်။

အခင်းတစ်ခုပေါ်မှာ ထိုင်နေတဲ့ကောင်လေးရဲ့ပတ်ပတ်လည်ကို ရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ မိန်းမကြီးက လျှောက်လှမ်းကာ လက်ထဲက Mengduနဲ့ ထိုကောင်လေးရဲ့ဦးခေါင်းထက်ကို ထိလိုက်သည်။ ထိုကောင်လေးရဲ့ မလှမ်းမကမ်းအနောက်မှာတော့ ခြူလုံးတွေကို အသံမြည်အောင် ပွတ်ဆွဲရင်း စိုးရိမ်တကြီးလက်ဖျားတွေပွတ်သပ်ကာ ဆုတောင်းနေတဲ့အမျိုးသမီးတစ်ယောက်ရှိသည်။

ဤဌာနကား ဂျယ်ဂျူဂျွန်း၊ ဟွာမန် နတ်ဝင်သည်ရဲ့တည်နေရာဖြစ်ပေသည်။

  ဆူညံစွာ ကခုန်ခြင်းအပြီးမှာတော့ ထိုကောင်လေးရှေ့ကို နတ်ဝင်သည်အမျိူးသမီးက ဒူးထောက်ကျသွားသည်။ ထို့နောက် သတ်ဖြတ်တော့မဲ့မျက်ဝန်းတွေနဲ့ ချက်ချင်းမော့ကြည့်ကာ ပြောတဲ့စကား။

" ရောက်လာတော့မှာ ~~~ မင်းဆီကို သူရောက်လာတော့မှာ ~~~ "

ထိုစကားကြောင့် အရှေ့ကကောင်လေးမှာတော့ 'စိတ်ကုန်ပါတယ်ကွာ' ဆိုတဲ့အကြည့်နဲ့ နှုတ်ခမ်းတွေတွန့်ကွေးလိုက်သည်။

အဲ့ဒီ့နောက် သူ့အရှေ့က နတ်ဝင်သည်မိန်းမကြီးက တဟားဟားနဲ့ အော်ရယ်ကာ ငြိမ်ကျသွားတော့သည်။

" အိုမို!!! ဆရာမ... ဆရာမဂျင်! ... လုပ်ပါဦး ... အဆင်ပြေရဲ့လား "

သူက ဘာမှမဖြစ်သေးတဲ့အချိန်မှာပဲ အနောက်နားဆီက မာမီ့အသံကြောင့် စိတ်ကုန်သလို သက်ပြင်းချသည်။ မာမီက ခြူလုံးတွေနဲ့ဆုတောင်းနေရာကနေ သူ့အနားအပြေးလာကာ နတ်ဝင်သည်ရဲ့လူတွေနဲ့ သူ့ရှေ့က ငြိမ်ကျသွားတဲ့နတ်ဆရာမကို နတ်ရုပ်ထုတွေထားတဲ့အရှေ့ကို ပို့သည်။

How To Raise Kookies Where stories live. Discover now