02

1.5K 226 49
                                    

⟨ Unicode Version ⟩

How To Raise Kookies

“  အဲ့ဒီတော့ အထဲမှာ ဘာရေးထားတာတဲ့လဲ ဆော့ဂျင် ”

စကရင်ပေါ်က မာမီ့အသံကြောင့် သူ့ရှေ့က စာရွက်ပိုင်းလေးကို ကောက်ယူဖတ်လိုက်မိသည်။ သူနဲ့မာမီ အခု ဗွီဒီယိုကောလ်နဲ့ အိမ်ရှေ့ရောက်လာတဲ့ စက္ကူပုံးကြီးအကြောင်းဆွေးနွေးနေတာဖြစ်သည်။


“ ဂျွန်ဂျောင်ကု တဲ့ ”

“ ဟယ်! ချစ်စရာလေးပဲ နာမည်ဖြစ်မယ်နဲ့တူတယ်သား … ”

မာမီကတော့ ပြောလိုက်ပေမယ့် သူကတော့ သူ့လက်မောင်းထက်က မျက်ဝန်းတွေမပွင့်သေးတဲ့ အဖြူရောင်ကောက်ညင်းထုပ်လေးတွေကို မျက်စောင်းထိုးလိုက်မိသည်။

“ မာမီ! ဘယ်လိုလုပ်ရမလဲ ”

“ ဘာကို ဘယ်လိုလုပ်ရမှာလဲ ... သားနာမည်နဲ့ရောက်လာတာ သားရဲ့ကလေးပဲ ဖြစ်မှာပေါ့ ... ကြည့်ပါဦး သားနဲ့ တစ်ပုံစံတည်းပဲကို ... မာမီ့ကို မှန်မှန်ဖြေ ...  ကလေးအမေက ဘယ်သူတုန်း ... သား ဆော့ဂျင် ‌တစ်ဖက်ကောင်မလေးအပေါ် အဲ့ဒီလို မလုပ်သင့်ဘူးနော် ”

တစ်ဆက်တည်းထွက်လာတဲ့စကားမှာတော့ ဒယ်ဒီက သူ့ကို ကြောင်ကြည့်ကာ မာမီကတော့ အပြစ်တင်စကားဆိုလာသည်။

ရည်းစားတောင်မထားဖူးတဲ့သူဟာ အခုတော့ မာမီ့စကားတွေအောက်မှာ ဘဝဆုံးသွားခဲ့ပြီဖြစ်သည်။


“ ဟာ မာမီ! ကျွန်တော့်ကလေးမဟုတ်ပါဘူးဆို .... ဘယ်သူ့နဲ့မှ မမှားထားဘူး .. ကျွန်တော့်မှာလဲ ကောင်မလေးမရှိဘူး ... ပြီးတော့ မျိုးရိုးက ဂျွန်ဖြစ်နေတယ်လေ 'ဂျွန်' လို့ ... တစ်ယောက်ယောက်က အိမ်ရှေ့မှာ လာပစ်သွားတာနေမယ် ...  ”

ဆော့ဂျင် သူ့ရင်ခွင်ထဲက ကလေးလေးတွေကိုကြည့်ရင်း မာမီ့ကို ပြန်ရန်တွေ့မိသည်။ စက္ကူပုံးထဲက စွတ်စွတ်ဖြူနေတဲ့အဝတ်စလေးတွေနဲ့ ထွေးပွေ့ပိုက်ထားတာ တခြားမဟုတ်။ လသားအရွယ်ဖြစ်ပုံရတဲ့ ဖြူစွတ်စွတ်အကောင်လေးပင်။

How To Raise Kookies Where stories live. Discover now