04

2.4K 249 98
                                    

⟨ Unicode Version ⟩
HOW TO RAISE KOOKIES

   လှပလွန်းတဲ့သူမရဲ့လက်ချောင်းတွေက သူ့ရဲ့ပထမဆုံးရှပ်ကြယ်သီးကို ဖြုတ်လိုက်သည်။ လေအဝှေ့မှာ ကြယ်သီးပြုတ်သွားတဲ့ရှပ်ကြောင့် ရင်တစ်ခုလုံး ဗရမ်းဗတာ အေးစိမ့်နေအောင် ခံစားလိုက်ရသည်။ အဲ့ဒီ့နောက် တိုးကပ်လာတဲ့သူမလက်က သူ့ရှပ်ကို ပခုံးသားဆီသို့ လျောကျစေပြီးနောက် သူ့တစ်ကိုယ်လုံးကို အရှေ့ကနေသိမ်းကျုံးဖက်ကာ ကျောပြင်ကို လာရောက်ပွတ်သပ်သည်။ ကျောပြင်တစ်ခုလုံး ပူကနဲ့ ခံစားရပြီးနောက်မှာတော့ သူမနှုတ်ခမ်းသားတွေ သူ့လည်တိုင်ကို ပွတ်သပ်ဆွဲလာတော့သည်။  မရိုးမရွဖြစ်လာတဲ့စိတ်တို့ဟာလည်း ချက်ချင်းဆူပူထကြွလာကာ သူမကို ရပ်တန့်ပေးဖို့ တားမြစ်မိသည်။ သို့ပေမယ့် အသံတွေကမထွက်လာဘဲ အ‌ထိအတွေ့တွေအောက်မှာ သာယာနေခဲ့ပြီဖြစ်သည်။ ပါးနပ်လှတဲ့သူမကတော့ သူ့လည်တိုင်ကနေမှ သူ့ရင်ဘတ်တွေကိုပါ နှုတ်ခမ်းတွေအသုံးပြုပြီး ဆော့ကစားနေရင်းမှ သူ့ရင်အုပ်ပေါ်က အသေးလေးကိုပါ ငုံထွေးလေတော့ သူအသံထွက်မိသွားသည်။

" ဟ့ ... "

ပထမတော့ ညင်သာနေရာကနေ ဒုတိယအဆင့်အနေနဲ့ လျှာတွေကိုပါ သုံးပြီး ဆွဲစုပ်လာလေတော့ သူ့တစ်ကိုယ်လုံး သွေးစီးဆင်းမှုတွေ ပြောင်းပြန်ဖြစ်ကုန်သလားအောက်မေ့ရသည်။ ထိုမှတစ်ဆင့် အသံထွက်တဲ့အထိပြုမူလေပြန်တော့ သူ့မျက်နှာတစ်ခုလုံး နီရဲတွက်လာရတော့သည်။

" (ပြွတ်စ် .. ပြွတ်စ်) "

အဲ့ဒါတင်မက တစ်ချက်ချက် သွားတွေနဲ့ပါ ဖိချေသည်မို့ နာကျင်မှာကြားကနေ သူ့ခံစားချက်တွေ ပိုပြီးကောင်းလာခဲ့တော့သည်။ သို့သော် သူ့ရဲ့သာယာမှုတွေသည် ဆုံးခန်းမတိုင်ဖြစ်။ ရုတ်တရက် မနေ့ကရောက်လာတဲ့ အမြွှာနှစ်ကောင်ကို သတိရသွားသည်ဆိုရင်ဖြင့် သူ့နားထဲ ခပ်စူးစူးငိုသံကို ကြားလိုက်ရတော့သည်။

" ( ဗြဲ ... အူဝါး .... ဟင့် ... ရွှတ် ... ရွှတ် .. ) ”

ဆောင့်ဆောင့်ပြီး ထွက်လာတဲ့ငိုသံကြောင့် အထွတ်အထိပ်ရောက်သွားတဲ့ သူ့ခံစားချက်တွေသည် ချောက်ကမ်းပါးထိပ်ကနေ ချောက်နက်ထဲပြုတ်ကျသွားသလိုပင်။ အဲ့ဒီ့နောက် ဖြတ်ကနဲ့ မျက်လုံးဖွင့်ကြည့်မိတော့ သူ wet dreamတစ်ခုကို အစပျိုးနေမှန်း အသိဝင်သွားရတော့သည်။

You've reached the end of published parts.

⏰ Last updated: Sep 26, 2021 ⏰

Add this story to your Library to get notified about new parts!

How To Raise Kookies Where stories live. Discover now