အပိုင်း(၁)

2.9K 213 23
                                    

Unicode

အပိုင်း(၁)

"ဒီလောက်တောင်ဖြစ်မှတော့လမ်းခွဲမယ်..ကျွန်တော့ကိုအချိန်မပေးနိုင်တဲ့စီနီယာ့​ကိုဘယ်လိုမှဆက်သည်းမခံနိုင်တော့ဘူး.."

ကလေးဆန်လွန်းတဲ့ချစ်ရသူကိုကြည့်ပြီးဂျူံးဂုတစ်ယောက်စိတ်ရူပ်လာရသည်။အလုပ်အရမ်းများတဲ့သူ့လိုစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လိုလူကို နားမလည်ပေးဘဲအခုလိုခဏခဏရစ်နေတဲ့ဒီအဆိုးလေးကိုမှတ်လောက်သားလောက်အောင်ပစ်ထားမှရမည်ဟုဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ.သဘောဘဲ"

ထိုသို့ပြောမည်မထင်ထားသော ထယ်ယောင်းမှာအခုမှမျက်လုံးပြူးကာအလန့်တကြားဖြစ်သွားရသည်

"စီနီယာ..ခင်ဗျား!!!"

"ဂရုစိုက်..ကိုယ်သွားတော့မယ်"

"လူအ" ကြီးတစ်ယောက်လို ဘာမှတောင်မပြောလိုက်နိုင်ခင်ထွက်သွားတဲ့ဂျူံးဂုကျောပြင်ကိုကြည့်ပြီးထယ်ယောင်းမှာမျက်ရည်တွေစို့လာရသည်။

သွားပြီ..ဒီတစ်ခါတကယ်သွားပြီ..

အမှန်တော့ ထယ်ယောင်းတို့ relationမှာစပြီးပိုးပန်းရသူက ကင်မ်ထယ်ယောင်းဆိုသည့်သူပင်။ အနေအေးပြီးတည်တည်တံ့တံနေတက်တဲ့ စီနီယာဂျူံးဂုကိုသုံးနှစ်သုံးမိုး စပ်စလူးခါပြီး လိုက်ခဲ့ရသူမှာလည်းထယ်ယောင်းပင်။ချစ်သူသက်တမ်းတစ်လျှောက်မှာလည်း
ဥစ္စာပေါရုပ်ချောပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်တုပ်တုပ်ခဲခဲကြီးအနားကိုမလာအောင်ပျားတစ်ကောင်သဖွယ် ကာကွယ်ခဲ့ရသူမှာလည်း ကင်မ်ထယ်ယောင်းပင်။ သို့သော်ဘယ်လောက်ဘဲပျားလေးကကွာကွယ်နေပါစေထိုနှင်းဆီခိုင်ကိုမှ လာနားချင်နေသည့်ယင်ကောင်မတွေရောယင်ကောင်ထီးတွေကတစ်ပုံတစ်ပင်။

အခုလည်းမဆိုသလောက်လေးရစ်မိတာကိုထိုလူကြီးက သစ်စိမ်းချိူး ချိူးသွားတယ်တဲ့။

ရွှတ်..ရွှတ်

ဘေးနားမှာတစ်သျှူးဘူးလိုက်ချပြီးအော်ငိုလိုက် နှာညှစ်လိုက်လုပ်နေသော ဘဲပစ်ကောင်ကို ကြည့်​ပြီး ဂျီမင် စိတ်ညစ်လာသည်။

President's Shy KissWhere stories live. Discover now