Unicode
ဒီနေ့ကျောင်းသွားရမှာကိုတကယ်စိတ်ထဲမပါ။ဂျီမင်ပြောလိုက်တဲ့စကားတွေကအခုချိန်ထိနားထဲတဝဲလည်လည်။
"ချစ်ရင်အဲ့လိုလုပ်ရတယ်တဲ့ "
ဒါဆို သူ့ကိုစီနီယာကမချစ်လို့များလား။ဖြစ်နိုင်တယ်။ ရည်းစားစကားစပြောတုန်းကလည်းသူကဘဲစတင်ခဲ့တာ။ အဖြေပေးတော့လည်း ကိုယ်မင်းကိုလက်ခံတယ်ဆိုတဲ့စကားကလွဲပြီး ချစ်တယ်ဆိုတဲ့စကားကိုအခုထိမပြောဘူး။
ထိုသို့တွေးလိုက်တော့စိတ်ဓာတ်ကဟိုးဂိတ်ဆုံးကိုကျသွားရသည်။
အတွေးတွေဂယက်ရိုက်နေတုန်းမှာပင်သူ့ပခုံးပေါ်ကိုကျူးကျော်လာတဲ့လက်တစ်စုံကြောင့်ဘေးနားကိုလှည့်ကြည့်လိုက်တော့သူ့ကိုအမြဲလိုလို လိုက်နှောက်ယှက်နေတဲ့ ချာဒုံရှစ်။
"အဲ့လက်ကိုဖယ်လိုက်စမ်း"
ခပ်တင်းတင်းပြောလိုက်တဲ့စကားကိုချာဒုံရှစ်ကရယ်စရာများထင်နေခဲ့လားမသိဘူး။ ဟာသတစ်ပုဒ်လိုရယ်ကာ ထယ်ယောင်းရဲ့ခပ်ဖောင်းဖောင်းပါးပြင်ကိုလိမ်ဆွဲလိုက်သည်။
"ချစ်စရာလေးကွာကိုယ့်ရဲ့ကျားပေါက်စလေးက.မနက်စာဘာစားထားလဲဘေဘီ"
"စားလည်းမစားလာဘူး..စားလည်းမစားချင်ဘူး..မင်းလက်မကျိူးချင်သေးရင်ငါ့ပခုံးပေါ်ကမင်းလက်ကိုအခုချက်ချင်းဖယ်ပေးလိုက်"
"အိုမို..ကြောက်လိုက်တာ..ဟား..ဟား!! ဘယ်လိုလဲ"
"ဘာကိုလဲ"
"ကိုယ်တောင်းထားတဲ့အဖြေ..ဘယ်နေ့ပေးမလဲ..ကိုယ်စိတ်သိပ်မရှည်တော့ဘူးနော်ကိတ်လုံးလေး..ကိုယ့်ကိုကြိုးရှည်ရှည်နဲ့လှန်မထားသင့်တော့ဘူး"
ဒုံရှစ်စကားကြောင့်ထယ်ယောင်းစိတ်တို့ကမရှည်တော့။ဒီကောင်ခွေးစကားပြောနေတာဘဲ။ သူ့ကိုငြင်းထားတဲ့စကားကိုအဖက်မလုပ်ဘဲ ကြိုးရှည်ရှည်နဲ့လှန်ထားတယ်တောင်လုပ်လိုက်ချည်သေးတယ်။
"မင်းရဲ့အကောင်းတိုင်းရှိနေတဲ့သွားသုံးဆယ့်နှစ်ချောင်းလုံးမကျိူးချင်သေးဘူးဆိုစကားကို ပြန်ပြင်ပြောလိုက်.ငါ့မှာချစ်သူရှိတယ်လို့ပြောထားပြီးသားနော်.အဲ့တာကိုကြိုးရှည်ရှည်နဲ့လှန်ထားတယ်လို့ထင်နေရင်လည်း ဘော ဘဲကွာ။ပေါက်ပြီလား"