အပိုင်း(၄)

1.1K 185 16
                                    

Unicode

နှစ်ရက်လောက်တိတိဖုန်းလည်းမဆက်စာလည်းမပို့လာလည်းမတွေ့တဲ့စီနီယာကြောင့် မတွေ့ရမနေနိုင်တဲ့ထယ်ယောင်းကဘဲကျောင်းပျက်ကာ စီနီယာရဲ့ ကုမ္ပဏီ ကိုသာချစ်ရသူကိုတွေ့ဖို့ ထမင်းချိူင့် အိတ်လေးဆွဲကာ ထွက်လာရတော့ဘည်။ဒီအိတ်ထဲမှာ သူ့ရဲ့အချစ်တွေအပြည့်နဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲ ပြုတ် ရယ် ကြက်ဥကြော်ရယ် သစ်သီးကွိစိကွစတွေကအစလှလှပပပြင်ဆင်ပြီးနေ့လည်စာ စားချိန်အမှီတက်တက်ကြွကြွဖြင့်ထွက်လာတော့လေသည်။

ကုမ္ပဏီ အရှေ့ရောက်တာနဲ့ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကကြုံခဲ့ရတဲ့အခြေတွေနဲ့မတူ သူ့ကိုလှိုက်လှဲစွာကြိုဆိုနေသည့် Emma Watson ရဲ့ကောင်လေးဆိုသည့်လုံခြုံရေးဝန်ထမ်းဦးလေးကြီး။

"ဒုဥက္ကဌဆီကိုဘဲလာတာမို့လားကောင်လေး.. 7လွှာကိုတက်သွားလိုက်နော်"

"ဟုတ်.. ကျေးဇူးတင်ပါတယ်ဦးလေးကြီး"

တင်ခနဲမြည်သံနဲ့အတူဓာတ်လှေကားတံခါးဖွင့်လာတော့ စီနီယာရဲ့ရုံးခန်းအရှေ့မှာတင် Laptopတစ်လုံးနဲ့အလုပ်ရူပ်နေသည့်အတွင်းရေးမှူးမင်ကိုပြုံးပြလိုက်သည်။

"ဒုဥက္ကဌကအထဲမှာ လုပ်ငန်းရှင်တစ်ယောက်နဲ့တွေ့နေတုန်းမို့ခဏထိုင်စောင့်ပေးဦးနော်"

"ဟုတ်ကဲ့.."

သိပ်မကြာလိုက်ချစ်ရသူနဲ့အတူတူထွက်လာသည့်လုပ်ငန်းရှင်အမျိူးသမီးကတစ်ချိန်က စီနီယာနဲ့ ဘာလိုလိုနာမည်ထွက်ဖူးသည့်စီနီယာကိုကြိုက်ခဲ့ဖူးသည့် စီနီယာ လီဂျီအွန်း...

"သြော်..ထယ်ယောင်းလေးပါလား..ဂျူံးဂုဆီလာတာလား"

"ဟုတ်"

ကျော့ရှင်းပြီးလှပသည့်ထိုအမျိူးသမီးငယ်လေးကိုကြည့်ပြီး ထယ်ယောင်းသိမ်ငယ်စိတ်တွေအလုံးအရင်းဝင်လာသည်။

တကယ်ဆိုထယ်ယောင်းတို့ တက္ကသိုလ်စရောက်တော့ စီနီယာဂျူံးဂုကဒုတိယနှစ်ရောက်နေပြီပင်။အရမ်းတည်ငြိမ်ပြီးယောက်ကျာ်းပီသလွန်းတဲ့စီနီယာကို ပိုးကြေးပန်းကြေး လုပ်နေတဲ့မိန်းကလေးတွေ ယောကျာ်းလေးတွေ ပါဒုနဲ့ဒေး။ထို အများကြီးထဲမှ စီနီယာအရေးပေးပြီးတွဲသွားတွဲလာ လုပ်တဲ့မိန်းကလေးဆိုစီနီယာလီဂျီအွန်းတစ်ယောက်သာရှိသည်မို့ သို့လောသို့လောသတင်းတွေအများကြီးထွက်ခဲ့သည်။

President's Shy KissWhere stories live. Discover now