OSOD-4(U&Z)

60.9K 5.8K 251
                                    


အပိုင်း(၄)

နေ့ရက်တွေကြာလာတော့ ဒီရွာနဲ့ရော ကျောင်းနှင့်ပါ တဖြည်းဖြည်းရင်းနှီးလာခဲ့ပြီ။ ရွာအနှံ့မရောက်ဘူးသေးပေမဲ့လို့ပေါ့လေ။ သူငယ်ချင်းတွေထပ်ပြီးရခဲ့ပေမဲ့ နွေးနွေးနဲ့သာ စိတ်တူကိုယ်တူ ပေါင်းဖြစ်ပါသည်။ ဖြူဖြူဖွေးဖွေးအသားအရည်နှင့် ခပ်ပြည့်ပြည့်ခန္ဓာကိုယ်လေးရယ်
ပြီးတော့ ဆံပင်ဂုတ်ဝဲလေးက နွေးနွေးရဲ့ ချစ်စရာကောင်းတဲ့ ပင်ကိုယ်အမူအရာလေးတွေပင်။

ဘိုးဘိုးကြီးတို့အိမ်မှာပဲနေ,နေဆဲဖြစ်တာမို့ ဖေဖေ့ရဲ့ မိဘတွေဖြစ်တဲ့ ခမ်းတို့အဘိုးအိမ်ကို မပြောင်းရသေးပေ။အိမ်ကိုအနည်းငယ်ပြန်ပြင်ချင်သေးသည်ဟု ဆိုလာသော ဖေဖေ့ကြောင့်ရော အတူတူနေချင်ပါသေးသည်ဟုပြောသော ဘွားဘွားမြိုင်ကြောင့်ပါ ကျွန်တော်တို့ ဒီအိမ်မှာ သောင်တင်နေခြင်းပင်။

ဒီနေ့နဲ့ဆို ရွာကိုရောက်တာ သုံးလပြည့်ပြီ။ လပတ်စာမေးပွဲတွေလည်းဖြေပြီးပြီမို့..စာတော်တဲ့ကျွန်တော့်ကို အတော်များများက အပေါင်းအသင်းလုပ်ချင်ကြပေမဲ့ ရေလိုက်ငါးလိုက်သာနေဖြစ်ခဲ့၏။

"ဖိုးဉာဏ်ရေ.. ရေချိုးဖို့မစဥ်းစားသေးဘူးလား"

ဒါကတော့ ခမ်းတို့ဘေးအိမ်တစ်ထပ်တိုက်လေးမှ အန်တီတစ်ယောက်ရဲ့အသံပင်ဖြစ်သည်။နေ့စဥ်နေ့တိုင်း တစ်ခြားအသံတွေသိပ်မကြားရပေမဲ့ ရေချိုးဖို့ခေါ်သံကိုတော့ နေ့တိုင်းအချိန်မှန်မှန်ကြားနေရသည်ပင်။

ကျောင်းတက်ရက်ဆို8:00ထိုးရင် ဒီအသံကြားရသလို
ကျောင်းပိတ်ရက်ဆိုလည်း10:00ထိုးပြီးရင် အချိန်မှန်မှန်ကြားရပါသည်။

ဘိုးဘိုးကြီးက ခမ်းတို့ ထိုင်ဖို့ဆိုပြီး ခြံထဲကဗာဒံပင်အပု‌လေး အောက်မှာ ထိုင်ခုံလေးဆောက်ပေးထားတာကြောင့် စာဖတ်ရင်လည်းအဆင်ပြေသလို အားတဲ့အချိန် ပျင်းနေရင်လည်း ထိုင်ဖို့အဆင်ပြေသည်။ အပင်ပုလေးဆိုတော့ အရိပ်ရတာမို့ အားရင်အားသလို ခမ်းတို့မောင်နှမက လာထိုင်ဖြစ်ကြတာပင်။

"ကိုကို..ဘာလုပ်နေတာလဲ"

"သုသု..အဲ့ဒါဘယ်ကပြန်လာတာလဲ ကျောင်းပိတ်ရက်ကို အိမ်မှာနေမယ်မရှိဘူး..နင်လျှောက်သွားနေတယ်"

Other Side Of Diversity (Completed)Where stories live. Discover now