OSOD-15(U&Z)

86K 5.4K 589
                                    


အပိုင်း(၁၅)

လေတဖြူးဖြူးတိုက်နေသော အခန်းလေးအတွင်း၌ တိတ်ဆိတ်မှုကကြီးစိုးလျက်။ အခန်းစီးကန့်လန့်ကာလေးက လေနှင်ရာတလွင့်လွင့်။ခပ်မြင့်မြင့်ထောင်ထားသော ထူထဲလှတဲ့ ခြင်ထောင်အပြာရောင်လေးအတွင်း၌ နွေးထွေးစွာအိပ်စက်နေသော အဖြူရိပ်လေးနှစ်ခု။

သို့သော် တစ်ယောက်သောသူ၏ မျက်ခုံးအစုံက နာကျင်မှုကြောင့် အနည်းငယ် တွန့်ချိုးလာသလိုပင်။

ဘယ်ဘက်လက်မှ ထုံကျင်လာသောကြောင့် အိပ်နေရာမှ နိုးလာခဲ့သည်။မျက်လုံးဖွင့်လိုက်သည်နှင့် အနည်းငယ်စိမ်းသက်နေသော နေရာအနေအထားကြောင့် ဖြစ်စဉ်တစ်ချို့ကိုပြန်စဥ်းစားယူရ၏။

"အာ..ခမ်းဆီကိုရောက်နေတာပဲ"

အဲ့ဒီနောက် တစ်ဆက်တည်းတွေးမိလာသော အကြောင်းအရာတစ်ချို့ကြောင့်ကျေနပ်စွာပြုံးလိုက်ပြီးတစ်စုံတစ်ခုကိုအုပ်ကိုင်ထားသော ညာဘက်လက်ကိုဖြည်းညှင်းစွာ အလုပ်ပေးလိုက်သည်။

ရင်ခွင်ထဲမှာ အေးချမ်းစွာအိပ်ပျော်နေတဲ့ မြတ်နိုးရာလေးကို ငေးကြည့်လိုက်တော့အားပါသွားသော မိမိလက်ကြောင့် နာသွားပုံရတာမို့ မျက်နှာလေးကရှုံ့မဲ့လျက်။

"အဟွန်း...ချစ်စရာလေးကွာ.."

မိမိ၏ညာဘက်လက်အောက်က နူးညံ့နေတဲ့ အသားစိုင်လေးကို အိပ်မောကျနေသူအား အခွင့်အရေးယူကာ ငုံ့မိုး၍ နှုတ်ခမ်းဖြင့် ထိတွေ့လိုက်မိသည်။

"အဲ့ဒါ ကပ်စေးနဲချင်အုံး"

စိတ်မကွက်ပါနဲ့ခမ်းရယ်..ကိုယ့်ချစ်သူကိုတပ်မက်တာ လူတိုင်းရဲ့သဘာဝပေမို့... မောင်လည်း ခင်ဗျားရဲ့ အရာရာကို မက်မောတယ်၊တပ်မက်တယ်...။

နီရဲနေသောထိပ်ဖျားလေးက တစ်ခါမှ ထိတွေ့မထားခြင်း၏သက်သေပင်။လုံးဝန်းနေသော နေရာလေးက ဖြူဖွေးဥနေသည်မှာ ဆုပ်ကိုင်မိရာ ကျွန်တော့်လက်ချောင်းရာများက အထင်းသား။ကြည့်နေရင်းမှာပဲ မက်မောစွာဖြင့် နင့်နင့်သည်းသည်းတစ်ချက်စုပ်ယူလိုက်မိသည်။

"ပြွတ်စ်.."

နူးညံ့အိစက်နေမှုကြောင့် အနမ်းတွေကိုနောက်မဆုတ်ချင်သော်လည်း ရင်ခွင်ထဲမှ အသေးလေးက လှုပ်လှုပ်ရွရွဖြစ်လာပြီမို့ ခေါင်းကိုပြန်မတ်၍ အသာမှေးနေလိုက်သည်။

Other Side Of Diversity (Completed)Where stories live. Discover now