OSOD-8(U&Z)

63.2K 5.6K 741
                                    


အပိုင်း(၈)

"ဖေဖေ.."

"ဟေ.."

"သားပြောထားတာ စဥ်းစားပြီးပြီလား"

"ဘာတုန်းသားရဲ့..."

ဒီနေ့ကနွေရာသီကျောင်းပိတ်ရက်တွေရဲ့နောက်ဆုံးနေ့ပင်။မနက်ဖြန်ဆိုရင် ကျောင်းတွေပြန်ဖွင့်တော့မှာကို အခုထိမတုန်မလှုပ်နေ,နေတဲ့ဖေဖေ့ ကြောင့် ကိုယ်တိုင်ပင် မေးရတော့မှာမို့ အပေါ်ထပ်ကဆင်းလာခဲ့၏။

"ဟော ကျောင်းတက်ဖို့ပါဆိုမှဗျာ..မနက်ဖြန်ပဲကျောင်းအပ်ရတော့မယ် အခုထိသေချာတဲ့အဖြေကိုမပေးသေးဘူး.."

"ဖေဖေပြောပြီးပြီလေ။ ဖေဖေ့စိတ်တိုင်းကျနေမယ်ဆိုရင် သားဒီမှာတက်ရမယ်"

"ဘော်ဒါသွားမနေချင်ဘူးဖေဖေ"

ဒီနေ့မှထူးထူးခြားခြားအိမ်မြဲနေတဲ့ဖေဖေ့ကို ပြေပြေလည်လည်ပြောပြမည်ဟုတွေးသော်ငြား ထုံးစံအတိုင်း သြဇာသီးတွေထုတ်ကျွေးလာပြန်တာမို့ ခပ်တည်တည်နဲ့ပင် ပြန်ဂျစ်လိုက်သည်။မသိတဲ့လူတွေက ကျွန်တော့်ကို အလိုလိုက်တယ်ပြောပေမဲ့ တကယ်က အမြဲလိုလိုသြဇာပေးပြီးဆူငေါက်နေတာပါ။

"ဒီမှာတက်မယ်ဆိုရင်တော့ ဖေဖေ့သဘောအတိုင်းပဲသားလိုက်နေရမှာလေ ဘာမှဝင်ပြီးဝေဖန်လို့မရဘူး..မနက်ဖြန် မင်းအမေကျောင်းလိုက်အပ်ပေးလိမ့်မယ်"

"မေမေကျောင်းလိုက်အပ်ပေးရအောင် ကျွန်တော်က မူလတန်းကလေးလား..ကိုယ့်ဘာကိုယ်ပဲအပ်မှာ ဖေဖေ့ဆီကအဖြေအတိအကျသိချင်လို့လာမေးတာ..အပြင်သွားလိုက်ဦးမယ်"

မပြေလည်တဲ့အကြောင်းအရာတွေကြောင့် စိတ်ကအလိုလိုညစ်လာရပြီမို့ ဖေဖေနဲ့ဝေးရာကိုခဏလောက်သွားနေဖို့ဆုံးဖြတ်လိုက်သည်။ကြာကြာနေရင် ကျွန်တော့်ရဲ့အပိုးမကျိုးမှုကြောင့် ဖေဖေ့လက်သီးကမျက်နှာပေါ်ရောက်လာတော့မှာ။

"ရပ်လိုက်စမ်း..! မင်းကိုပြောထားတယ်မလား
ဒီမှာတက်မယ်ဆိုရင် ငါထားတဲ့အတိုင်း ငါ့စည်းကမ်းနဲ့နေရမယ်...အခု10တန်းရောက်နေပြီ အရင်လို အလျှော့မပေးဘူး အလိုလည်းမလိုက်ဘူး ဘော်ဒါမနေချင်ရင် ကျူရှင်တက်ရမယ်"

Other Side Of Diversity (Completed)Where stories live. Discover now