part. 1.9 (တစ်နေ့ အဲ့အစား ကုတင်ပေါ်မာ ပေးဆပ်ရမယ် )

5.7K 487 8
                                    



''မင်းကြီးကျတော်မျိုးအမှန်တရားကိုဝန်ခံမလို့ပါ ''

''အမှန်တရား? ''

''ဟုတ်ပါတယ် တကယ်တော့ ဝမ်မင်းကြီးဝမ်မုရန်က မင်းကြီးအတွက်သေတမ်းစာ တစ်ဆောင်ချန်ခဲ့ပါတယ် မင်းကြီး ''

''သေတမ်းစာဟုတ်လား ငါဖတ်ပြီးပြီ မဟုတ်ဘူးလား ? ''

''အမှန်တော့ နှစ်ဆောင်ထားခဲ့တာပါမင်းကြီး ဖတ်ကြည့်လိုက်ပါ ''

အမတ်ရှောင်လည်း ရိပေါ်ကို သေတမ်းစာကိုပေးလိုက်သည်

📜📜 သား​တော် ဝမ်ရိပေါ် ဒီစာကိုဖတ်နေတဲ့အချိန်သားအထင်လွှဲမှားမှုတွေ ရှိချင်ရှိနေလိမ့်မယ် မသေချာတာတေရှိချင်ရှိနေလိမ့်မယ် သားတော်လည်းခမည်းတော်ရဲ့ သေဆုံးမှု မရိုးရှင်းမှန်းခန့်မှန်းမိမှာပါ တိုင်းပြည့်ကို မှန်ကန်အောင်အုပ်ချုပ်ပါသားတော်

အမတ်လုကျင်ရိကိုမယုံပါနဲ့ သားတော်ရဲ့ ထက်မြက်မှုအရ သူ့ကို ရိပ်မိနေတယ်မှတ်လား ထွေထူးပြောစရာမရှိပါဘူး အဲ့တာကြောင့်လည်း အမတ်ရှောင်ကို တိတ်တဆိတ်ပဲ သားတော်ကိုကူညီဖို့ အမိန့်ပေးခဲ့တာ လျှို့ဝှက်တာဝန်အဖြစ်ပေါ့

အချိန်တန်ရင်ပြပေးပါလို့ ပြောခဲ့တာ သားတော်ကို အရမ်းချစ်ပါတယ် ငယ်ငယ်ထဲက မိခင်ဆုံးရှုံးရထားတဲ့ သားတော်ကို စည်းကမ်းတင်းကျပ် မိတယ် ချစ်တယ်လို့ အမြဲ မပြောပေမဲ့ သားတော်ကိုအရမ်းချစ်ပါတယ်

ခမည်းတော်သိပါတယ် ဒါလေးနဲ့ပဲ ဘာလို့ သေတမ်းစာကိုစောစောမပြခဲ့လို့ထင်ချင်ထင်နေလိမ့်မယ် ဘာလို့လဲဆိုတော့ သားတော်ကို ငယ်ငယ်ထဲက အရမ်းချစ်ပါတယ်လို့ မပြောပြမိခဲ့လို့ပေါ့ အရမ်းနောင်တရတယ်

လုကျင်ရိအဆိပ်ခတ်တာခံရတာသိပြီး ခမည်းတော်မှာ အချိန်သုံးရက်ကျန်တယ် သားတော်နဲ့အတူ ရှိချင်ပေမဲ့ ဒီစကားလေးတစ်ခွန်းတည်းကို ပြောပြချင်ပေမဲ့ ဘာလို့အဲ့လောက်ခက်လဲမသိခဲ့ဘူး အခုတော့ စာလေးနဲ့ပဲ ပြောရတယ် သားတော်.. ခမည်းတော် ကိုခွင့်လွတ်ပါ.. 📜📜

ရိပေါ်ဖတ်ပြီးတာနဲ့ မျက်ရည်များထိန်းမရတော့အောင်ကျလာတော့ သည် ပထမအကြောင်းကတော့ ဖခင်မေတ္တာ ကိုသူအစထဲက နားလည်ပါတယ်

Because you are systemWhere stories live. Discover now