part. (2.8)

3.7K 359 9
                                    




''ဟင့်အင်း ကိုယ်အခုဆာနေတယ် ''

''နှာဘူးကောင်!  ''

''ကိုယ်က ဗိုက်ဆာတာကိုပြောတာပါ....''

''ဘယ်သိမလဲ....မင်းက အမြဲနှာတွေးပဲ တွေးနေတာလေ ''

''ကိုယ့်တွေးနေတာတေ သိနေတဲ့ မင်းလေးကရော ''

''တော်ပြီ မပြောတော့ဘူး ပထမအဆင့်ပြီးပြီဆိုတော့ ဒုတိယအဆင့်ကိုသွားရအောင် ''
''ဒီထဲမှာ မနေချင်တော့ဘူး ''

''အင်း သဘော....''

တောင်အောက်ဆင်းလာပြီး ပွဲစဥ်ရှိရာသို့ပြန်လာကြသည် ဒီတစ်ခါတော့ အကြီးအကဲများက လွဲ၍ ဘယ်သူမှ မရှိကြပေ

အကြီးအကဲများအား လင်းယုန်ငှက်မိစ္ဆာသေပီဖြစ်ကြောင်း သက်သေများပြောပြသည် အကြီးကဲများကလည်း လက်ခံကျပြီး ပထမဆင့်ပြီးဆုံးကြောင်း လက်ထဲမှ မီးပန်းကို ဖောက်လိုက်သည်

တောင်ပေါ်တွင်ရှိသော ပြိုင်ပွဲဝင်တွေကလဲ မီးပန်ကိုမြင်တာသည်နှင့် တောင်အောက်ဆင်းလာကြသည်

အခုတော့ အဆင့်တွေသတ်မှတ်ပြီးပြီဖြစ်၍ ရိပေါ် အမှတ်အများဆုံးပင်ဖြစ်သည်။
ဇာတ်လိုက်ကတော့ ဒုတိယသာရခဲ့သည်၊
တတိယ စတုထအဆင့်လိုက်သတ်မှတ်ရွေးချယ်ခြင်းပြီးတဲ့ နောက်မှာတော့ အမှတ်အနည်းဆုံး အယောက် တစ်ရာလောက် ထွက်သွားကြရသည် အခုဆိုရင်ဖြင့် ပြိုင်ပွဲဝင် အယောက် တစ်ရာငါးဆယ်လောက်သာကျန်တော့သည်

''မင်းတို့စောင့်ကြည့်နေ အတုံ့အလှည့်ဆိုတာရှိတယ် ဒီပွဲမှာ ငါနိုင်ကိုနိုင်ရမယ် ''

ဒုတိယရလို့မကျေနပ်တဲ့ လျှိုယင်းကတော့ ဘယ်လိုအကောက်ကြံရမလဲ စတွေးတော့သည် ဟန်တောင်မဆောင်ခဲ့ပါ။



''ဒုတိယအဆင့်ကိုတော့ နောက်နှစ်ရက်နေမှ ဆက်လက်ကျင်းပ,ပါမယ် ဒါကြောင့် အသီးသီးမှာ ရလာတဲ့ ဒဏ်ရာတွေကို ေဆးကုကြပါ နောက်ဒုတိယအဆင့်နှစ်ရက်ကြာလို့မှ မပျောက်ရင်တော့ ပြိုင်ပွဲ ကနေထွက်ရမှာပါ ''

စကားဆုံးတာနဲ့ ကိုယ်စီ ကိုယ်စီ ထွက်သွားကြပြီး ရိပေါ်ကတော့ ထုံးစံအတိုင်းအားလုံးကုန်မှ သွားသည်

Because you are systemWhere stories live. Discover now