''မလှောင်နဲ့! ငါအတည်ပြောတာနော် ဟွန့်! ''
''ဟုတ်ပြီ ကိုယ်နောက်ခါ မပြုံးတော့ဘူး ''
''ဟိုငှက်စုတ်က အဲ့ဘက်ခြမ်းကိုထွက်သွားတာ လိုက်ရအောင် ''
ရှောင်ကျန့်လည်း အရှေ့ဘက်စူးစူးလောက်ကို လက်ငြိုးထိုးပြလိုက်သည်
''အင်း''
အသံဆုံးပြီးတာနဲ့ ရိပေါ်ကရှောင်ကျန့် ကိုခါးကနေပွေ့ဖက်ပြီး ကိုယ်ဖော့သိုင်းသုံးကာ ဓားပေါ်တက်ပြီး အပေါ်ကို ပျံထွက်သွားသည်
ခါးအကိုင်ခံရပီ ရင်ခွင်ထဲမှာ နစ်နေတဲ့ ရှောင်ကျန့်ကတော့ ခေါင်းလေးတစ်ချက် တစ်ချက်ထောင်လိုက်ပြီး ထွက်လာတဲ့ မျက်နှာလေးကတော့ ပါးလေးများနီနေပြီး ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးတွေက အရမ်းချစ်ဖို့ကောင်းလွန်းတယ်။
နှစ်ယောက်သားကောင်းကင်ထက်မှာ ပျံဝဲနေပီး အရမ်းရိုမန့်ဖြစ်နေသည် မိစ္ဆာလာနှိမ်နင်းတာလား လာ date တာလားမသဲကွဲပေ ။
ရှောင်လန်ကတော့ သူတို့ကို ကြည့်ပြီးနှစ်ချို့ Fa ဘဝက အမြန်ဆုံးလွှတ်ချင်နေပီဖြစ်သည်
*အားကျလိုက်တာ ယောက်ကျားနဲ့သာယာနေတော့ ရှောင်လန် ကိုမေ့နေပြီပေါ့ host အင်းဘာ ဘဲမရှိတော့လဲ ခံရတာပေါ့ *
မကြာပါဘူး ရိုမန့်တစ်ဆန်နေတဲ့အခိုက်တန့်က်ို ဖျက်စီးလိုက်တာက ရှောင်ကျန့်ရဲ့ ဗိုက် စားပြီးရင်းစားချင်နေတဲ့ ေရှာင်ကျန့်တစ်ယောက် လမ်းတစ်ဝက်မှာပင် ဗိုက်က တဂွီဂွီမြည်လာသည်
'ဟာ! ကျစ်...!စောက်ရှက်ခွဲလိုက်တာ သစ္စာဖောက်ဗိုက်! ဒီမှာပြီးအောင် ရိုပါ့ရစေအုံး '
တဂွီဂွီမြည်နေသောအသံက ရိပေါ်ပါကြားနေရသည်အထိကျယ်လောင်နေသည် ထို့ကြောင့် ရှောင်ကျန့်အား အစာပြေစားရန်ထည့်လာတဲ့ မုန့်တွေကျွေးဖို့ အောက်က ရေတံခွန်နားလောက်မှာဆင်းလိုက်သည်
''ရှန့်ရှန့်.... စားလိုက် အစာပြေသွားအောင် ''
ရိပေါ်စကားကိုတော့ ရှောင်ကျန့် မကြားပေ စီးကျနေတဲ့ရေ သံတွေ တစ်ဖျက်ဖျက်ကူးခတ်ခတ်နေတဲ့ လှပတဲ့ ငါးလေးတွေ မှန်တစ်ချက်လို ကြည်စိမ်းနေတဲ့ ရေတွေအပြင် သစ်ပင်စိမ်းစိမ်းလေးတွေကပါ,ပါနေတော့ ပန်းချီကားတစ်ချက်သဖွယ် အရမ်းလှပလွန်းတဲ့ ရေတံခွန်ကြီးကြောင့် ရှောင်ကျန့်မှင်သက်နေသည် ရိပေါ်ပြောတာကိုမကြားမိပေ
YOU ARE READING
Because you are system
Fanfictionအပျင်းထူအဆဲသန် ပန်းချီဆရာလေးရှောင်းကျန့်တစ်ယောက် မတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားပါတော့တယ် ရှောင်းကျန့်ဟာ လူ့ဘဝမှာသက်တမ်းစေ့မနေရသေးတဲ့အတွက် အခွင့်အရေးပေးတဲ့အနေနဲ့ system တစ်ခုနဲ့ချိတ်စပ်မိသွားပါတယ် သို့ပေမဲ့လည်း missionတွေလုပ်ဆောင်ရပါမယ်တဲ့လေ ရှောင...