Part-3

1.7K 177 18
                                    

"Jeon Jungkook!!မင်းဘာကြီးဝတ်လာတာလဲ!"

အပေါ်ထပ်ရှိအခန်းထဲကခေါင်းငိုက်စိုက်ကျကာထွက်လာသည့် Jungkook ကိုကြည့်ကာ Mr.Jeon ပြောလိုက်သည်

Jeon ပြောလိုက်သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Mr.Jeon ပြောလည်းပြောချင်စရာဖြစ်သည်...အပြင်သွားဖို့ကောင်းကောင်းမွန်မွန်ဝတ်စားခိုင်းလိုက်တာကိုဝတ်လာသည်က hoodie အနက်ရောင်နဲ့ jean ဘောင်းဘီအနက်ဖြစ်သည်...ဆံပင်တွေကလည်းအခုမှအိပ်ရာထလာသလိုရှုပ်ပွနေလေသည်...

"ဘာဝတ်နေလို့လဲ Appa ကလည်းဗျာ..."

"မင်းဝတ်ထားတာမင်းပြန်ကြည့်လေ!ငါအခုသွားမဲ့အိမ်ကမင်းသူငယ်ချင်းတွေရဲ့အိမ်မဟုတ်ဘူးနော် စုတ်တီးစုတ်ပြတ်ဝတ်မလာနဲ့ သွား ပြန်လဲချည်!"

"အာ...မလဲချင်တော့ဘူး...."

"မရဘူး သွားလဲချည်!"

"မလဲချင်ဘူးလို့..."

"ကဲ တော်ကြပါတော့ ကျွန်မကပြင်ဆင်ပြီးပြီနော် ရှင်တို့သားအဖနှစ်ယောက်ရန်ဖြစ်တာပြီးအုံးမှာလား"

ဧည့်ခန်းထဲမှာစာအုပ်ဖတ်နေရင်း Jungkook တို့ကိုစောင့်နေသည့် Mrs.Jeon ကစာအုပ်ကိုပိတ်ကာပြောသည်

"Appa ကချေးများနေတာ..."

"ဟေ့ကောင်..."

"ကဲ မပြီးကြသေးဘူးလား သွားကြစို့"

အတောမသတ်နိုင်ကြသည့် Mr.Jeon နဲ့ Jungkookရဲ့ကြားကိုဝင်ရပ်ကာ Mrs.Jeon ပြောသည်

"Appa...ကျွန်တော်...ကားယူခဲ့မယ်နော်"

"သဘောပဲဟေ့ သဘောပဲ ပြောလည်းနားထောင်မဲ့
ကောင်မဟုတ်ဘူး အဲ့တော့မပြောတော့ဘူး"

Mr.Jeon ကရွှဲ့ပြောကာခြံထဲကိုဆင်းသွားကာကားစက်နှိုးနေလေသည်...Jungkook ကတော့အပြောခံလိုက်ရပေ
မယ့်ကားပြန်စီးခွင့်ရသွားပြီဖြစ်တာကြောင့်ပျော်မြူးနေလေသည်...ထို့ကြောင့် Mr.Jeon သိမ်းထားသည့်သူ့ရဲ့ပြိုင်ကားသော့ကိုအပြေးသွားယူလေသည်...

𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛Where stories live. Discover now