အခန်း (၁)

5.5K 138 0
                                    

ကြွက်တွေက တကျွိကျွိနဲ့  မြေအောက်ခန်းထဲမှာ ဟိုဒီလျှောက်ပြေးလွှားနေတယ်။ အလင်းရောင်က ပြတင်းပေါက်သေးသေးလေးကနေ ဘုရားစူးလွတ် မြင်ရတယ်ဆိုရုံ‌လောက်လေးပဲ ရှိတယ်။ တမံသလင်းပေါ်မှာတော့ ကောင်မလေးတစ်‌ယောက် ခွေခွေလေး လဲကျနေတယ်။

အသက်ဝအောင် ရှုဖို့ သူ ကြိုးစားပေမဲ့ ကြမ်းပြင်က ရေခဲပြင်လိုပဲ အေးစက်နေတယ်။ သူ့ကိုယ်ပေါ်မှာ အရေပြားကလွဲရင် အအေးဒဏ်ကို အံတုဖို့ ဘာအဝတ်အစားမှ မရှိဘူး ။
နားနားပြီး အသက်ရှုရင်း သူ့ဆီကနေ ဖျော့တော့တဲ့ ညည်းတွားသံသဲ့သဲ့ ထွက်လာတယ် ။

“ ငါ့ကျမှ ဘာလို့လဲ … ”

သူ ကြိုးစားပြီး မတ်တပ်ရပ်ဖို့လုပ်လိုက်တယ်။ သူ့အသက်က ၂၂ဝန်းကျင်လောက်ပဲ ရှိဦးမယ်။ ရွှေအိုရောင်ဆံပင် ခပ်ရှည်ရှည်၊ မျက်လုံးပြာပြာလေးနဲ့ မဖြူမညို နေရောင်သန်းတဲ့ အသားအရည်လှလှလေး ရှိတယ်။ ဒီ‌အမျိုးသမီးလေးက ပုရိသတို့ ရင်ဖိုရလောက်အောင် ညို့အားပြင်းတဲ့ ခန္ဓာကိုယ်အဆစ်အပေါက်နဲ့ တကယ်ကို မိန်းမချောတစ်‌ယောက်ပဲ …. ။ မတ်တပ်ရပ်ရင်း  သူ့မျက်လုံးတွေကို ပွတ်ပြီး သက်ပြင်းချလိုက်တယ်။

“ အဲ့မှာ ဘာလုပ်နေလို့ ကြာနေရတာလဲ စောက်သုံးမကျတဲ့‌ခွေးမ ။ မြန်မြန်လာ ညစာလာချက် ”

အပေါ်ထပ်ကနေ အမိန့်ပေးသံတစ်ခု ထွက်လာတယ်။ အဲ့အသံက Tyler အသံ။ သူ သိပ်စက်ဆုပ်တဲ့ သူ့ယောကျာ်း။

---------------------------------------

ကြမ်းပြင်ပေါ်က ဆုတ်ဖြဲခံထားရတဲ့ သူ့အဝတ်အစားတွေကို ပြန်‌ ကောက်ရင်း သက်ပြင်းချလိုက်တယ်။ မြေအောက်ခန်းထဲမှာ တခြား ဝတ်စရာရယ်လို့ ဘာမှရှာမတွေ့ဘူး။ လောလောဆယ်တော့ ဒီဟာကိုပဲ ဝတ်မှ ရမှာပဲ။

‌အိမ်ပေါ်ပြန်တက်ရင်း လှေကား‌နား ရောက်တော့ poker ကစားနေတဲ့ သူ့ယောကျာ်း Tyler နဲ့ ဘော်ဒါတွေကို တွေ့လိုက်တယ်။
ဆံပင်အညိုရောင် ခပ်တိုတို၊ မျက်ဆံနက်နက်၊ ကြွက်သား‌တွေနဲ့ Tyler က အသက် ၂၅ လောက် ရှိပြီ။ အစိမ်းပုပ်ရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားတယ်။

“ အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ သွား ငါတို့စားဖို့ တစ်ခုခု ယူလာခဲ့ ”

လွတ်လမ်း ကမ်းမရှိ ( Myanmar Translation)Where stories live. Discover now