အခန်း (၂)

3K 102 0
                                    

သူနဲ့ စကားပြောလို့လည်းပြီးကော Rose လည်း အခန်းထဲကို ပြန်ဝင်လာလိုက်တယ်။ ဒါပေမဲ့ နောက်ကနေ Tyler ကပါ လိုက်ဝင်လာပြီး အခန်းတံခါးကို လော့ခ်ချလိုက်တယ်။

“ ကြည့်ရတာ တစ်ယောက်ယောက်ကတော့ Zeke ကို ကြိုက်နေပြီနဲ့ တူတယ်။ ဟုတ်လား Rose  ”

Tylerရဲ့ ဟန်လုပ်ပြုံးထားတဲ့ အဲ့မျက်နှာနောက်က ဘီလူးသရဲလို မကောင်းဆိုးပုံစံကို Rose သိနေတယ်။ ကြောက်အားလန့်အားနဲ့ Tyler နဲ့ ခပ်ဝေး‌‌ဝေးနေရာကို ခုန်ထွက်လိုက်ရင်း ကတုန်ကယင်နဲ့ ပြန်ဖြေတယ်။

“ ဟင့်အင်း ဟင့်အင်း ကျွန်မ သူ့ကို မကြိုက်ဘူး ! ”

Tyler မေးတာ အကောင်းမေးတာ မဟုတ်မှန်း သူသိတယ်။ Rose တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တုန်ရီနေပြီ။ Tyler သူ့ကို ဘာဆက်လုပ်တော့မှာလဲဆိုတာ  သူသိနေတယ်။

“ ငါ့ကို လာလိမ်မနေနဲ့ အပျက္မ ! ”

ဒေါသတကြီးနဲ့ အော်ဟစ်ရင်း Rose ကိုယ်ကို အတင်းအကြပ် သိုင်းဖက်လိုက်တယ်။ ပြီးတော့ နား နားကို တိုးတိုးလေး ကပ်ပြီး ပြောတယ်။

“ ငါ့ဆီက‌‌နေ ထွက်‌ပြေးဖို့ စိတ်ကူးရဲရင် စိတ်ကူးကြည့် !”

Tyler ရဲ့အသံက သားကောင်ကို အမဲမဖျက်ခင် ဟိန်းဟောက်နေတဲ့ ကျားရဲတစ်ကောင်လိုပဲ။
Tyler ပြောသမျှကို သူ ခေါင်းငြိမ့်ပြလိုက်တယ်။ သူ့ကို ဘာဆက်လုပ်တော့မှာလဲဆိုတဲ့ အသိကြောင့် Rose ခန္ဓာကိုယ်က ကြက်သေသေနေပြီ ။

ဒေါသတကြီးနဲ့ သူ့ကို လာထိနေတဲ့ ပူနွေးတဲ့ Tyler ရဲ့ ခန္ဓာကိုယ်က ငရဲပြည်က လောလောလတ်လတ် တက်လာတဲ့သူလိုမျိုး ဒေါသစိတ်နဲ့ တရှူးရှူးတရှဲရှဲ ဖြစ်နေတယ်။

Rose နူတ်ခမ်းတွေကို အတင်းအကြပ် နမ်းရှုပ်ရင်း အိပ်ရာပေါ်ကို တွန်းချလိုက်တယ်။  ခပ်မြန်မြန်ပဲ သူ့ကိုယ်ပေါ်ကို တက်ခွရင်း လက်နှစ်ဖက်ကို ရုန်းလို့မရအောင် သိုင်းချုပ်ထားပစ်လိုက်တယ်။ အမဲလိုက်မုဆိုးက သားကောင်ကို မသတ်ခင် ကျေနပ်‌အားရတဲ့ပုံစံလိုမျိုး Tyler မျက်နှာကလည်း ပြုံးဖြဲနေတယ်။

“ မင်းက ဘာကောင်မမှ မဟုတ်ဘူး။ ငါ့အတွက် စိတ်အပန်းဖြေစရာ လိင်အ‌ဖျော်ဖြေခံ Sex toy သက်သက်ပဲ ”

လွတ်လမ်း ကမ်းမရှိ ( Myanmar Translation)Where stories live. Discover now