မူရင်းစာရေးဆရာ၏ အမှာစကား
2.1K 88 5
မင်းနဲ့သိတဲ့ တစ်စုံတစ်‌‌ယောက်က relationship  မှာ abusive လုပ်ခံနေရပြီဆို ကြည့်ပဲမနေပါနဲ့ ။ ဆက်ပြီး အနိုင်ကျင့်စော်ကားခွင့်မပေးနဲ့။
မင်း လုပ်ပေးနိုင်တာ ဘာမှမရှိဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ သူတို့က မင်းဆီက အကယ်တင်ခံဖို့ တောင်းဆိုမနေရင်တောင် သူတို့ကို ကူညီပေးရမယ်။ ဘာလို့ဆို အနိုင်ကျင့်စော်ကားမှုတွေကို မခံနိုင်တော့တဲ့တစ်ရက်ကျရင် ဒီဘဝကြီးကို လက်မြှောက်အရှုံးပေးပြီး သတ်သေဖို့ ရွေးချယ်သွားတတ်ကြတယ်။
လူတိုင်း သူတို့ဘဝရဲ့အားအနည်းဆုံးအချိန်တွေမှာ ကမ်းပေးမယ့် လက်တစ်စုံကို လိုအပ်ကြတယ်။ မင်းက သူတို့အတွက် အဲ့ဒီလို လက်တစ်စုံဖြစ်ပါစေ။ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာ ရေတိုပြဿနာကို တစ်ဘဝလုံးစာနဲ့ လဲပြီး အဖြေရှာလိုက်တာမျိုးပဲ။
မင်း ဂရုစိုက်တဲ့ တစ်စုံတစ်ယောက် ၊ ဒါမှမဟုတ် မင်း ငောင်းကောင်း မသိတဲ့သူ ဆိုရင်တောင်မှ ကူညီပေးပါ ။ တစ်ချက်ကလေး နောက်ကျသွားတာနဲ့ အရာအားလုံးက ကိုယ်ကျိုးနည်းကုန်လိမ့်မယ်။
ဒီဝတ္ထုက ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုပေမဲ့ လက်တွေ့ ဘဝမှာ ရာနဲ့ချီတဲ့သူတွေဟာ abusive relationship ကြောင့် ဘဝတွေ နာနေကြရတယ်။ ကျေးဇူးပြုပြီး မင်း ချစ်တဲ့လက်တွဲဖော်ကို အနိုင်ကျင့်စော်ကားတဲ့အပြုအမူမျိုး မလုပ်ပါနဲ့ ။ ရပ်တန်းက ရပ်ပါတော့ ။ လူတိုင်းက ကျန်းမာပျော်ရွှင်တဲ့ အချစ်ရေးမျိုးနဲ့ ထိုက်တန်ပါတယ်။
ထုတ်ဝေသည့် ရက်စွဲ : December 21st 2011
https://www.bookrix.com/-sweetmassacre19
Zawgyi**
လွတ်လမ်း ကမ်းမရှိ ( Myanmar Translation)Where stories live. Discover now