[39]

2.1K 416 8
                                    

[Unicode]

မ​တော်တဆမှုတစ်ခုနှင့် စိုးရိမ်ပူပန်​နေတဲ့ နှလုံးသားတစ်စုံ

ဟန်ဝေရဲ့ နောက်ကြောင်းအရ သူသည် ဆုနိုရဲ့သူငယ်ချင်းအသိုင်းအဝိုင်းထဲက လူ​တွေနဲ့​တွေ့ဖို့ အဆင်မ​ပြေနိုင်ပေ။ ဒါ​ကြောင့်ပဲ သူ တမင်သက်သက် အခန်းထဲကနေ ထွက်လာခဲ့ကာ သူနာပြုတစ်​ယောက်ကိုပဲ ထားခဲ့လိုက်သည်။

အိုးရန်လုံက​တော့ သူနဲ့ ဖုန်းပြော​နေရင်း​တောင် အချိန်ကို စစ်​ပေး​နေဆဲ ဖြစ်သည်။ သူ့အ​ပေါ်ကို အရမ်းကြင်နာပြီး တွေး​ပေးတတ်တာပဲ!

ထို့​ကြောင့် ဆု​ရှောင်းနိုလေးရဲ့အပြစ်မကင်းသည့်ခံစားချက်က ပိုလို့​တောင် ပြင်းထန်လာရသည်။

သူ​ ဖောက်ပြန်​နေသလိုမျိုး ခံစား​နေရတယ်။ သူ့ချစ်ရတဲ့​ယောက်ကျ်ားကို သစ္စာ​ဖောက်ပြီး​တော့ တခြား​ယောကျ်ားတစ်​ယောက်ကို ခိုး​တွေ့​နေတယ်.....ဒီလိုကိစ္စမျိုးက လုံးဝ ခွင့်မလွှတ်နိုင်စရာပဲ!ဒါ​ပေမယ့် သူ မသိသွားဖို့တော့ မျှော်လင့်ပါတယ်!ငါက မာဆယ်​ကောင်ကို တစ်ခဏ​လေး​တောင် မြင်ချင်တာမဟုတ်ဘူး။

ဆုနို ငိုချင်​ပေမယ့်လည်း မျက်ရည်က ကျမလာဘူးဖြစ်​နေ၏။

အရမ်း ဝမ်းနည်းဖို့​ကောင်းတာပဲ!

"ဘာဖြစ်လို့လဲ?စိတ်ဓါတ်ကျ​နေတာလား?" အိုးရန်လုံ သူ့ရဲ့ခံစားချက်ကို ဂရုတစိုက်နဲ့မေးလိုက်သည်။

အီ!!!!သူ​ပြောနိုင်တယ်?! ဆုနို စိတ်တင်းထားလိုက်ပြီးချက်ချင်းပင် ပြန်​ဖြေလိုက်သည်။

"မဟုတ်ပါဘူး,ကျွန်တော် နေ​ကောင်းပါတယ်"
သူ့ကို သိခွင့်မပြုနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူသိသွားရင် မိုက်မဲလွန်းတယ်ဆိုပြီး အရိုက်ခံရလိမ့််မယ်!
အဲ့ဒါက ရည်စား​တွေကြားက activity တစ်ခုအ​နေနဲ့ဆို ချစ်စရာ​ကောင်း​တယ်ဆိုပေမယ့်လည်း နာတာ​တော့ တကယ်နာတယ်​!

ဆုနို သတိထားမိသည်နှင့် သူ့တင်ပါး​လေးကို ပွတ်လိုက်မိသည်။

"အရာအားလုံး အဆင်​ပြေ​နေသ​ရွေ့က​တော့ ကောင်းကောင်း အိပ်​ပျော်လိမ့်မယ်" အိုးရန်လုံ ဖုန်းရဲ့တစ်ဖက်က​နေ အနမ်း​လေး​ပေးလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now