[40]

2.2K 454 8
                                    

[Unicode]

ပါပါရာဇီ​နှင့် ကိုယ်မင်းကို တွေ့ချင်တယ်

မစ္စတာဒါရိုက်တာနဲ့တွေ့ဖို့ ချိန်းထားတဲ့သူရဲ့ နာမည်က ကုံစန်း​​မာဖြစ်ကာ သူ့ရဲ့နာမည်ကတော့ အ​တော်​လေး စိတ်ပျက်စရာ​ကောင်းလွန်းလှသည်။ ပြီး​တော့ သူ့အလုပ်အကိုင်ကလည်း တူတူပါပဲ---သူက ပညာရှင်အဆင့် ပါပါရာဇီ​တစ်​ယောက်ဖြစ်ပြီး ဘယ်လိုမြင်ကွင်းမျိုးကိုမဆို လျှက်တစ်ပြတ် ရိုက်ကူးတဲ့နေရာမှာ​တော့ ဆရာကျလွန်းသည်။

လွန်ခဲ့တဲ့နှစ်,နှစ်​လောက်တုန်းက ကုံစန်း​​မာသည် အထက်တန်း ဖက်ရှင်သတင်း​ထောက်တစ်​ယောက်ဖြစ်ခဲ့ပြီး အဓိကအားဖြင့် သူက စီးပွားရေးဘက်မှာ တာဝန်ယူထားခြင်းဖြစ်သည်။ သူက အဓိကစျေးဝယ်စင်တာတွေထဲက ကြော်ငြာအမျိုးမျိုးကို ဖြုတ်ချဖို့ ကြိုးစားခဲ့ဖူးသည်။အဲ့တာ​ကြောင့်ပဲ အိုးရန်လုံနဲ့ ပိုပြီး ရင်းနှီးလာ​စေခဲ့သည်။

"မ​တွေ့ရတာ ကြာပြီ" ကုံစန်း​​မာရဲ့ အဝတ်အစား​တွေက ပါပါရာဇီ​တစ်​ယောက်နဲ့ အရမ်းကို တူလွန်းသည်။ သူက ဘေ့စ်​ဘော​ဦးထုပ်ကို ဆောင်းထားပြီး ကင်မရာအိတ်ကလည်း သူ့ပုခုံး​ပေါ်က​နေ တွဲကျ​နေကာ.....သူ့ကို ကြည်ရသည်မှာ ပရိုဖက်ရှင်နယ်တစ်​ယောက်လိုပင်။

အိုးရန်လုံ သူ့ကို လက်ဖက်ရည်တစ်ခွက်ငဲ့​ပေးလိုက်ပြီး " ဘာအတွက် ငါ့ကို တွေ့ချင်ရတာလဲ?"

"ထွေ​​တွေထူး​ထူး​တော့ မဟုတ်ပါဘူး။ ငါတူ​လေးက ဒီနှစ်ပဲ ဘွဲ့ရတာ​လေ။ အဲ့တာနဲ့ သူက RenRuiမှာ ၃လ​လောက် အလုပ်သင် လုပ်ချင်တယ်ဆိုလို့ "
ကုံစန်း​​မာ ဆက်ပြောလိုက်၏ "အဲ့တာနဲ့ မေး​ပေးမယ်လို့ သူ့ကိုကတိ​ပေးလိုက်တယ်။ မင်းဘက်က​ရော အဆင်​ပြေရဲ့လား?"

"သုံးလပဲ ဆိုရင် ကိစ္စမရှိပါဘူး" အိုးရန်လုံက သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် အမြဲကူညီ​ပေးတတ်၏။ "နောက်လာမယ့် တနလ်ာနေ့ကျရင် အလုပ်ဆင်းဖို့ သူ့ကို ပြောလိုက်ပါ"

"ငါ လူမှန်ကို ရှာ​တွေ့မယ်ဆိုတာ သိသားပဲ"
ကုံစန်း​​မာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိန်းမထားနိုင်​တော့ဘဲ ခါးသီးမှုအချို့က ထွက်ကျလာ​တော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now