[41]

2K 429 8
                                    

[Unicode]

ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနှင့် ထူးကဲသည့် ပြင်သစ်အနမ်းလေး
 

သူ့အစ်ကိုကြီးကို ဖုန်းချလိုက်ပြီး​နောက် ဆုနိုသည် အသက်ကို ခပ်ပြင်းပြင်းရှူကာ အရမ်းကို တည်ငြိမ်စွာဖြင့် မစ္စတာဒါရိုက်တာဆီကို ဖုန်းခေါ်လိုက်သည်။

နောက်တာပါ......တကယ်​တော့ မှတ်စုစာအုပ်​လေးကို ယူလိုက်တာ!

မှတ်စု အကြမ်း​လေး ချ​ရေးပြီး ကောင်းကောင်း ပြင်ဆင်ရမယ်!

ဒီအဆင့်ထိကို ရောက်လာပြီဆို​တော့ သူထပ်ပြီး လိမ်လို့မရ​တော့ဘူး။ သူ အမှန်အတိုင်းပြောပြရမယ်။ဒါ​ပေမယ့် သူ ဒီလိုတိုက်ရိုက်ကြီး သွားပြောလိုက်ရင် "ကျွန်တော် တွေ့ချင်တဲ့လူက ခင်ဗျားပဲ၊ ကျွန်​တော့်အစ်ကိုကြီးကသာ ချိုးကျီယန်ကိုခေါ်လိုက်တာ” လို့ ပြောတာက လုံးဝယုတ္တိမရှိဘူးလေ။

ဒါကြောင့် သူဖုန်းမခေါ်ခင်မှာ သူ့ခေါင်းကို အရင်ရှင်းပစ်ရမယ်!<မင်းရဲ့ပြင်ဆင်မှုကိုတိုးမြှင့်ခြင်းသည် အလုပ်မှာ မင်းရဲ့တိုးတက်မှုအမြန်နှုန်းကိုမြန်စေနိုင်သည်> ဆိုတဲ့ ရှေးစကားပုံ အတိုင်း အတိအကျသေချာလိုက်နာရမယ်။

ငါးမိနစ်ကြာသွားပြီးနောက် ဆုနိုသည် ဇာတ်လမ်းတစ်ခုလုံကို စာအုပ်​ပေါ်တွင် ဖန်တီးပြီးပြီ ဖြစ်သည်။ဆုနိုသည် သူ့ကိုယ်သူ အောင်မြင်စွာ သရုပ်​​ဖော်ထားပြီးပြီ ဖြစ်သည်။ သူက နယ်စား​မြေရှင်အစ်ကို​တော်ရဲ့ ရက်စက်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ခံစား​နေရတဲ့ ရိုးသားဖြူစင်တဲ့ bottom လေးတစ်​ယောက် အဖြစ်သာမက,သူက မမျှော်လင့်ထားတဲ့ပြဿနာတွေအတွက်ပါ အဖြေတွေကိုအမျိုးအစားခွဲ၍ စာရင်းပြုစုထား​သေးသည်။

ပရိုဖက်ရှင်အဆင့်ကလူနဲ့ အ​တွေ့အကြုံမရှိတဲ့သူ​တွေကြားက ကွာခြားချက်ဆိုတာ ဒါပဲ!

သူ မဂ္ဂဇင်းခေါင်းစဉ်တွေလိုမျိုး အကျဉ်းချုံးပြီး ပြောရမယ်ဆိုရင်,
"ဆေးရုံကုတင်​ပေါ်မှာ ကြာရှည်စွာ လဲ​လျောင်း​နေရတဲ့ လှပတဲ့လူငယ်​လေး,အရိုးထိ​အောင် တောင့်တမှု​တွေအပြည့်နှင့် ခန့်ညားတဲ့ မစ္စတာဒါရိုက်တာ...အင်း.....အတွင်းထဲက​နေ မျက်ရည်ကျစေ​လောက်တဲ့ငိုသံတွေကို မင်းကြားဖူးလား?"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now