7(four)

386 34 5
                                    

Unicode

         ရှောင်းကျန့် ကုမ္ပဏီသွားဖို့ပြင်ဆင်ပြီးတာနှင့် တိုက်ခန်းတံခါးကိုဖွင့်လိုက်တော့..တံခါးဝမှာမတ်တပ်ရပ်နေသည့်
ရိပေါ်..။

"မင်း..ဘာလာလုပ်တာလဲ.."
"ကုမ္ပဏီသွားမှာမလား..ငါလိုက်ပို့ပေးမယ်.."
"ရတယ်..ငါ့ဘာသာသွားမယ်.."

"ရှောင်းကျန့်..."
စိတ်မရှည်သလိုအော်လိုက်သော ရိပေါ်ကို ရှောင်းကျန့် အံ့သြမိသည်။

ရိပေါ်..မင်းက ဘာဖြစ်ချင်နေတာလဲ...။

"မင်းငါ့နောက်လိုက်လာတာလားရိပေါ်...
ချွမ်ယီကို တစ်ယောက်တည်းထားခဲ့တာလား.."

"အင်း...ဟုတ်တယ်...ချွမ်ယီက ငါ့တိုက်ခန်းမှာကျန်ခဲ့တယ်..အခုငါနဲ့လိုက်ခဲ့လို့ရပြီလား.."
.
.

နောက်ဆုံးတော့လည်း ရိပေါ်လက်ဆွဲခေါ်ရာနောက်ကို မငြင်းဆန်နိုင်ဘဲ လိုက်ခဲ့မိပြန်သည်။
တစ်ကယ်ဆို ရှောင်းကျန့်ငြင်းသင့်တယ်..။
တစ်ခြားသူတစ်ယောက်ရဲ့ ခင်ပွန်းလောင်း
မလား။
ဒါပေမဲ့ ရိပေါ်ကိုတွေ့ရင် ရှောင်းကျန့်ရဲ့
စဥ်းစားဆင်ခြင်နိုင်စွမ်းက အထိန်းအချုပ်မဲ့
သွားပြီး ရိပေါ်မျက်နှာကိုပဲ တစ်ကမ္ဘာထင်နေမိတာ....။

👬🏻👬🏻👬🏻👬🏻👬🏻👬🏻👬🏻👬🏻👬🏻👬🏻👬🏻👬🏻👬🏻👬🏻

ရိပေါ်က ကားတံခါးကိုဖွင့်ပေးပြီး ရှောင်းကျန့်ကိုအရင်ထိုင်စေသည်။ပြီးမှ သူက ဘေးဘက်ကကားမောင်းသူနေရာဝင်ထိုင်သည်။

ရိပေါ်က ကားကိုစက်မနှိုးသေးဘဲ...
"အခုထိ မနက်စာမစားရသေးဘူးမလား...ငါဘာဂါနဲ့ ဘလက်ကော်ဖီဝယ်ခဲ့တယ်..
စားလိုက်ဦး.."

ရှောင်းကျန့် ဘာဂါကို တစ်ကိုက်အရင်စားလိုက်ပြီး...

"မင်းရော စားခဲ့ပြီးပြီလား..."

မေးပြီးမှ ရှောင်းကျန့် နောင်တရသွားသည်။
ချွမ်ယီက ပေါင်မုန့်တွေဝယ်လာတယ်လို့ သူ့ကိုတောင်ပြောသေးတာပဲ...။အတူစားပြီးလောက်ရောပေါ့..။

"ဟင့်အင်း..မစားရသေးဘူး.."
"ဟင်.."
"မင်းက တန်းပြန်သွားတာကိုး...ငါ့မှာ မင်းနောက်လိုက်တာ မှီကိုမမှီဘူး..ခြေလှမ်းတွေကမြန်ချက် ..."

Finally,love me(completed)Where stories live. Discover now