9(two)

440 37 2
                                    

Unicode

          ရှောင်းကျန့် အိပ်ခန်းတံခါးကိုဆွဲဖွင့်လိုက်တာနှင့် ဟောက်ရွှမ်းစားပြီးထားခဲ့သည့်
မုန့်ထုပ်နှင့် အမှိုက်ခွံများက ကြမ်းပြင်ပေါ်ရော ဆိုဖာပေါ်မှာပါ ပြန့်ကျဲနေတာကို မြင်လိုက်ရသည်။
သန့်သန့်ရှင်းရှင်းနေတတ်သည့်
ရှောင်းကျန့်၏အကျင့်ကြောင့်  ထိုအမှိုက်များကို အရင်ရှင်းရတော့သည်။

ထိုအချိန်မှာပဲ ဆိုဖာပေါ်မှာကျန်ခဲ့သည့်ဟောက်ရွှမ်း၏ဖုန်းဆီက မက်ဆေ့ချ်ရောက်ကြောင်း အသိပေးသံကြောင့် ရှောင်းကျန့်
အကြည့်တို့က ထိုဖုန်းဆီရောက်သွားသည်။

ဟောက်ရွှမ်းက ဒီနေ့ ဆိုင်ပြန်ဖွင့်မှာမို့ ထွက်သွားပြီဖြစ်သည်။
ထို့ကြောင့် ရှောင်းကျန့်လည်း ဟောက်ရွှမ်းဖုန်းကိုယူကြည့်လိုက်သည်။

"ဒီနေ့ရော ရှောင်းကျန့် ထမင်းမှန်မှန်စားလား..
သူ့ကိုအိပ်ခန်းထဲမှာပဲ တစ်နေကုန်မနေခိုင်းနဲ့ဦး..စကားတွေပြောပေး..သူကြိုက်တဲ့ကာတွန်းကားတွေရော ကြည့်ဖြစ်လား...သူကြိုက်တဲ့မုန့်တွေလည်း ဝယ်ပြီးကျွေးဦး..
သူ့ကို သေချာဂရုစိုက်ပေးဦး ဟောက်ရွှမ်း..."

"ပြီးတော့ မနက်ဖြန်ငါ့မဂ်လာပွဲဆိုတာကို....ရှောင်းကျန့်ကိုမပြောပြနဲ့ဦး.."

မက်ဆေ့ချ်ဖတ်ပြီးသွားတော့ ရှောင်းကျန့်
မတ်တပ်ရပ်ဖို့အားမရှိတော့တာကြောင့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။

သူက တစ်ကယ့်ကို တုံးအတဲ့လူပဲ။
ရိပေါ်က အခုထိ သူ့အတွက် စိတ်ပူပေးနေရတုန်းပဲ....။
ငါက အခုထိ မင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတုန်းပဲဆိုတာ ငါမသိခဲ့ဘူးရိပေါ်..။

မင်းဘဝအတွက် အပျော်ဆုံးဖြစ်ရမဲ့အချိန်ကို ငါ့အတွက်ကြောင့်နဲ့ စိတ်ပင်ပန်းနေရပြီ...
ငါ.... အခုတော့ မင်းကို တစ်ကယ်လက်လွှတ်လိုက်သင့်ပြီထင်တယ်...။
.
.
မင်းနဲ့မတွေ့ခင်က အချိန်တွေကို ငါပြန်သွားနိုင်ဖို့ကြိုးစားပါ့မယ် ရိပေါ်..။

💟💟💟💟💟💟💟💟💟💟💟💟💟💟

ဟောက်ရွှမ်း ဖုန်းကျန်နေခဲ့တာကို အခုမှ သတိရတာကြောင့် ဆိုင်ကနေ ပြန်လာခဲ့သည်။
.
.
ဆိုဖာပေါ်မှာပင် ဖုန်းကိုတွေ့တာကြောင့် ဟောက်ရွှမ်းလည်း ဖုန်းကိုကောက်ယူလိုက်သည်။
ပြီးမှ တိတ်ဆိတ်လွန်းသည့်အခြေအနေကိုသတိပြုမိသွားတာကြောင့် ဟောက်ရွှမ်း ရှောင်းကျန့်အိပ်ခန်းထဲဝင်ကြည့်လိုက်သည်။
ရှောင်းကျန့်ကို မတွေ့တာကြောင့်...

Finally,love me(completed)Where stories live. Discover now