#Uni
ငါဘာလို့ရှင်သန်နေရတာလဲ..အသက်မဲ့လိုက်တာ..နောက်ဆုံးတော့လဲ ငါ့နားဘယ်သူမှမရှိခဲ့ဘူး..
မျှော်လင့်မိတယ်..ပျင်းစရာကောင်းတဲ့ဘဝကြီးကို အမြန်စွန့်ပြီး နောင်ဘဝကိုသွားမလားလို့...အဲ့လိုတွေးတိုင်း အသံတချို့ကိုကြားတယ်...သတ်သေလို့ရမဲ့နည်းလမ်းတချို့နဲ့..အသည်းခိုက်အောင်နာရတဲ့ စကားတချို့...ပြောသူတွေကမသိပေမဲ့ ခံရသူကသေမတက်..
တချိန်ထဲမှာ အသံနက်ကြီးတစ်ခုကိုကြားမိပြန်ရော..
''သေကြည့်မလားတဲ့..သတ်သေလိုက်''
အဲ့စကားကြားတိုင်းပြောမိတာက...
"လုပ်လိုက်ရမလား..''
ရယ်နေပေမဲ့ မျက်ရည်တွေက ကျဆဲ
ငါကသိပ်ကံဆိုးတယ်..ငါချစ်တဲ့သူတွေက ငါ့ကိုလဲအရမ်းချစ်ရင် သေကွဲမဟုတ် ရှင်ကွဲကွဲကြတယ်..အဲ့လိုမှမဟုတ်ရင် ငါ့ကိုမချစ်ကြဘူး..
ငယ်ငယ်ကတည်းကစွဲနေတဲ့အသိတစ်ခု..ဒါကြောင့် လူတွေကိုရှောင်လာခဲ့တယ်...တချို့လူတွေရဲ့စကားက ကိုယ့်ရဲ့စိတ်ကို ပိုဆိုးစေတယ်..
"ဂြိုလ်မ..နင်က ကောင်းကျိုးကိုမပေးဘူး..''
"ဗေဒင်ဆရာကအဲ့တာကြောင့်ပြောတာ..နင်က မိသားစုကို ဒုက္ခပေးမဲ့ဟာမ..နင်က တကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့ဟာမ...''
"ဟဲ့ နင်သူလားသူကလေ...''
"သူ့ကိုယ်သူဘာထင်နေလဲမသိ..ဆရာမတွေမျက်နှာသာပေးတါနဲ့..''
"အဲ့ကောင်မလေးနဲ့ သူငယ်ချင်းမလုပ်ရဘူး...နင်ကငါ့သမီး စာသာလုပ် ငယ်ချင်းဆိုတာမလိုဘူး..''
"ဒီစာလေးလုပ်တာတောင် အဖြစ်မရှိဘူး..ဘာလို့ အဆင့်၁မရတာလဲ...''
တော်ကြပါတော့...တကယ်တော်ကြပါတော့ ဆက်မပြောကြပါနဲ့တော့ ဘာလို့ မတိတ်ကြတာလဲ
ကိုယ်မမွေးခင်က တွက်ခဲ့တဲ့ဗေဒင်ဆရာတစ်ယောက်ရဲ့စကားကိုဘာလို့ယုံရတာလဲ..သူလိမ်တာရောမဖြစ်နိုင်ဘူးလား..
"အာ...ဟုတ်သား..ငါက တကယ် အသုံးမကျတဲ့လူတစ်ယောက်ဘဲ ငါနဲ့ပတ်သက်တဲ့သူတိုင်း ကံဆိုးရတယ်..''