တခါတုန်းကပေါ့ကွယ်

171 11 4
                                    


#Uni

တချို့ကြုံဖူးလောက်တယ်...ကိုယ်က ငယ်ငယ်ကတည်းက ကောင်မလေးလှလှလေးတွေလဲသဘောကျပြီး ​ကြည့်တတ်တယ်..ကိုယ့်ကိုယ်ကို biဆိုတာ လက်ခံဖို့ တော်တော်ကြိုးစားလိုက်ရတယ်..မထင်မှတ်ဘဲ ငယ်ချင်းကောင်မလေးတစ်ယောက်ကို သဘောကျသလိုဖြစ်လာတယ်..

လုံးဝ ကိုယ့်အတွက် လန့်စရာကောင်းတယ်..အရင်က LGBTဆိုတာလဲမသိ..ငါတော့ရူးနေပြီလားပေါ့..ပိုဆိုးတာ အစက ငယ်ချင်းမက ကိုယ့်ကို သူ့ရည်းစားကိုကြိုက်နေတယ်ထင်တာ..နောက်ကျ ကိုယ်သူ့ကိုသဘောကျတယ်ဆိုရော..အဆက်အသွယ်ဖြတ်ပစ်ပြီး...အပေါင်းအသင်းမလုပ်တော့ဘူး...အဲ့မှာ Depစဝင်တာ..သတ်သေမလိုလုပ်တယ်..ငါ မ်ိန်းမဖြစ်ပြီး ဘာလို့မိန်းကလေးတစ်ယောက်ကို ကြိုက်ရတာလဲဆိုပြီး...ကိုယ့်ကိုယ်ကို လက်မခံနိုင်ဘူး...

ဒါပေမဲ့ ကိုယ့်ကိုနားလည်အောင်ပြောပြတဲ့ ငယ်ချင်းမလေးတစ်ယောက်ပေါ်လာရော...လူတိုင်းတော်ရုံလူတွေက biဖြစ်ပြီး အဲ့တာကရှက်စရာမကောင်းဘူးဆိုတဲ့အကြောင်း...

တဖြည်းဖြည်းသိလာတယ်..ကိုယ့်ဖြစ်တည်ချက်ကိုလက်ခံလာတယ်...ဒါပေမဲ့ တချို့က ငါမိန်းမတွေလဲသဘောကျတယ်ပြောရင်..နှာခေါင်းရှုံ့ကျတယ်...ငါတို့ကိုရော နင်ကြိုက်နေသလားဆိုပြီး...

ဒါပေမဲ့နားလည်အောင်ပြောပြတဲ့အခါ နောက်ပိုင်းသိလာတယ်...ပြောရရင် ကြိုက်မလိုဖြစ်တဲ့ကောင်မလေးကြောင့် တော်တော်ခံခဲ့ရတာ...ငါကအရမ်းထူးဆန်းနေလားဆိုပြီး...နောက်ကျ သူပြန်လာခေါ်တယ်..သူ့အပေါ် ကိုယ်ကအရမ်းကောင်းခဲ့တာကို..

ဒါပေမဲ့ သူအပေါ် ဘာခံစားချက်မှမရှိတော့ဘူး..ငယ်ချင်းဆိုတာထက် မေးထူးခေါ်ပြောလောက်ဘဲ...နောက်သိလာတယ်..ကိုယ်ကbiဆိုပေမဲ့ သူ့ကို ချစ်တယ်ဆိုရင်တောင် ရည်းစားတွေလိုချစ်တာမဟုတ်ဘဲ..

ဘော်ဒါတုန်းက သူက နေမကောင်းဖြစ်တတ်လို့ သူ့ကိုသနားတာမျိုး..အနေနီးတော့ ငယ်ချင်းထက် နည်းနည်းပိုရုံဘဲ..

ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို ဘယ်တော့မှ လက်မခံတာတို့ သူများသိမှာစိုးတာတို့မလုပ်စေချင်ဘူး...နောက်ပိုင်း ကိုယ်သတ္တိရှိလာတယ်...ခုထိရည်းစားမထားပေမဲ့...

သူမသိခဲ့တဲ့..အကြောင်းအရာများ😿Where stories live. Discover now