အရှုံးသမားတယောက်ရဲ့ရင်ဖွင့်သံ

73 1 0
                                    


ဒီနေ့ အတော်ငိုရတယ်။ မနေ့ကထက်ပိုငိုရတယ်။ စာရေးတာကိုလက်လျော့လိုက်ရတာထက် ဒီနေ့ ကိုယ့်အပေါ်အရမ်းကောင်းပြီး အိမ်မက်တွေကိုလက်မလွှတ်ဖို့ အောက်ကိုခုန်ဆင်းတဲ့ကိုယ့်ကို အောက်မကျအောင်ဆွဲထားတဲ့အကိုတွေအမတွေရဲ့လက်တွေကိုမြင်ရတော့ တကယ်အားနာပြီး ငိုရတယ်။

သဲတွေးခဲ့တာက​လေ သဲကသာမန်လူတယောက်။ ဒါကြောင့်ဘယ်သူမှ သဲပျော်ခြင်းမပျော်ခြင်း၊ သဲစာရေးခြင်းမရေးခြင်း၊ ပျော်ခြင်းမပျော်ခြင်းကို ဂရုမစိုက်ကြဘဲ ဒီတိုင်းလေးပျောက်ကွယ်သွားမယ် ထင်ခဲ့တာရယ်။

စစရက်မှာတင် လူအများကြီးကလာအားပေးကြတယ်။ တချို့အတွက်ကိုယ်ကစံပြတယောက် အားထားရာဖြစ်နေပါလား ဆိုတဲ့အသိက တကယ်အားနာမိ​စေတယ်။ ကိုယ်ကအရမ်းပျော့ညံ့တော့ သူတို့ရဲ့အထင်ကြီးလေးစားမှုက သဲနဲ့မတန်ဘူး။

အကိုတယောက်က လာပြောတယ်။

'သဲပိုကလက်လျော့တာမြန်လိုက်တာ'တဲ့

ငြင်းခဲ့မိတယ်။ သဲဘဝမှာအရာရာတိုင်းခက်ခဲခဲ့လို့အားတင်းထားကြောင်း ​​ပြန်ပြောခဲ့မိတယ်။ အမှန်က သဲကငကြောက်တကောင်။ လက်လျော့တာမြန်သလို ပုန်ရှောင်ချင်တဲ့သူတယောက်။

ဒါတောင်အဲ့အကိုက ကိုယ့်အတွက်ဆိုပြီးစာရှည်ကြီးတောင်ရေးပေးသေးတယ်...စာရှည်ကြီးရေးရတာပျင်းလို့ ဝိုင်းစတာခံရတဲ့အကိုကလေ။

ဒီနေ့ရှိဖောလာပြောတယ်။ သဲစာအုပ်ကို အမတယောက်က၁အုပ်ဝယ်ပြီး တယောက်က၂အုပ်ဝယ်မယ်တဲ့။ အစကအကိုနဲ့အမကတယောက်တအုပ်စီဝယ်ထားတာရယ်။ ဒီမိသားစုနဲ့တင်အားလုံးပေါင်း၅အုပ်ရှိနေပြီ။

"တပည့်စာအုပ်ကိုဝယ်မဲ့သူကိုအားနာတယ်''လို့ပြောတော့

"သူတို့ကသဲပိုမို့ ဝယ်တာလေ''တဲ့

ဘာလို့လဲ။ သဲလိုလူကိုဘာလို့ အခုလိုကောင်းပေးကြတာလဲ။ လွယ်လွယ်နဲ့အလျော့ပေးမိတဲ့သဲကို။ အမှန်ကြောက်နေခဲ့တာ ပထမဆုံးစာအုပ်လေးမို့။ အစမကောင်းရင်နောင်ပိုင်းအဆင်မပြေတော့မှာကိုစိုးရိမ်ခဲ့တာ ။အုပ်ရေမပြည့်လို့စာအုပ်မထုတ်ရတဲ့သာသာပေါ့ ဆိုပြီးလက်ညိုးထိုးကြမှာကို ကြောက်နေခဲ့တာ။

အဆိုးတွေကြုံတော့ သဲကထွက်ပြေးဖို့ကြိုးစားပေမဲ့ အကိုအမတွေနဲ့ညီမတွေကလေးတွေကတော့ သဲအတွက်အားအဖြစ်ရပ်တည်ပေးကြတယ်။

တကယ်အားနာလွန်းလို့ငိုရတယ်။
ဝမ်းနည်းလွန်းလို့ငိုရတယ်။
တကယ်...တကယ်ကိုကျေးဇူးတင်လွန်းလို့ ငိုရတယ်။

"သဲပိုရဲ့ ပထမဆုံးစာအုပ်မှာ ဦးလှန်မခံချင်ဘူး...ဆယ်အုပ်ပြည့်အောင်လုပ်ပေးမယ်''တဲ့လား

ရှက်မိတယ်။ အားလုံးကလက်ကမ်းကူနေတာတောင် သုညကပြန်မစရဲတဲ့သဲကိုယ်သဲ ရှက်မိတယ်။ ပြန်စမှာပါ။ အစကနေ ပြန်ထလာမှာမို့။ အကိုတွေအမတွေရော အားလုံးကိုကြည့်ပြီးအစကပြန်ထမယ်ရယ်။

ဒီနေ့ပေးတဲ့အားကို အလကားမဖြစ်စေရဘူးရယ်။

ပြောခဲ့သလို DFရောCFတင်မက ကလေးတွေရှိတာအရမ်းအားရှိစေတယ်။ မဟုတ်ရင်မနေ့က ကတည်းကသဲအသက်ရှိပါတော့မလား မသေချာတာကြောင့်။ အခုလိုအနားရှိပေးလို့ လဲကျတာတောင်ပြန်ထဖို့အားရှိလာရတယ်။

ဒီနေ့ ဒီစာကိုရေးရင်း အားလုံးကိုတောင်းပန်ပါတယ်။ နောက်ဆုံးထိထွက်ပြေးချင်တဲ့သဲကို ဆွဲထားပေးလို့။ သဲကဘာမှမဟုတ်တဲ့ ပိုးကောင်လေးပါ။

နေမင်းကြီးလိုမလင်းပေမဲ့ သင့်တင့်တဲ့အလင်းရောင်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ နေ့အချိန်မလင်းပေမဲ့ ညကျရင်တော့သဲကအလင်း​ရောင်မှိန်မှိန်​လေးနဲ့ အလင်းတွေဖြာလာမှာရယ်။ အကိုတို့အမတို့တင်မက ညမတွေပေးတဲ့အလင်းနဲ့ အသက်ဆက်ရှင်မဲ့ ပိုးစုန်းကြူးလေးတကောင်အဖြစ် ပြန်ထလာပါ့မယ်။

သူမသိခဲ့တဲ့..အကြောင်းအရာများ😿Where stories live. Discover now