အပိုင်း (6)

3.8K 252 4
                                    

၆။ သူမတစ်ကယ်ကြီး မကြိုက်တော့တာလား

အတန်းချိန်ရောက်လာခဲ့ပြီ။

သူမ စာအုပ်တွေဖတ်နေတာ မြင်တော့ ဟိုသုံးကောင်ကလည်း လှောင်ပြုံးတွေနဲ့... အတိတ်တုန်းက သူမက စာအုပ်ဖတ်ဖို့ဆိုမပြောနဲ့ စာအုပ်မြင်တာနဲ့ ရှောင်တော့တာ။ အခုက စာဖတ်နေတယ်ဆိုတော့ " မိန့်ဟွာ

အခုချိန်က တရုတ်စာသင်ရမဲ့ အချိန်ဖြစ်သည်

တရုတ်စာသင်ရမဲ့ဆရာက သူတို့အတန်းပိုင်ရဲ့ သူငယ်ချင်း ဖြစ်ပြီး သူ့မျိုးရိုးက " လီ " မျိုးရိုးဖြစ်သည်။

" မိန့်ဟွာ.နေကောင်းသွားပြီလား "

" ကောင်းသွားပါပြီဆရာ "

ဒီကောင်မလေးက တော်တော်ပြောင်းလဲသွားတာပဲ့ အရင်ကဆို သူဝင်လာရင်တောင် ဂရုစိုက်တာမဟုတ်။ ကျောက်လီကျန်းအနားမှာပဲ့ ကပ်ပါးကောင်လို့ တွယ်ကပ်နေတာ။ အခုတောင် ကျောက်လီကျန်း အနောက်မှာ ထိုင်တော့တာမဟုတ်ဘူး။ နေက အနောက်ရပ်ကနေ ထွက်လာတော့မှာပဲ့။

" မိန့်ဟွာ သမီးအနေနဲ့ ဘယ်သူ့ကိုပဲ့ ကြိုက်ကြိုက် ဆရာ မပြောလိုဘူး။ဒါမဲ့ စာသင်နေစဥ်အတွင်းတော့ ခံစားချက်တွေကို ထိန်းချုပ်နိုင်ရမယ် ဒီအရွယ်မှာ အဲ့အတွေးတွေကို ဖယ်ထုတ်ပြီး သင်ကြားတဲ့ သင်ခန်းစာအပေါ်မှာဘဲ့ အာရုံစိုက် ကြားလား မိန့်ဟွာ "

" ဟုတ်ကဲ့ပါ ပြီးတော့ သမီး နောက်ထပ် ကျောက်လီကျန်းကိုလည်း မကြိုက်တော့ပါဘူး ဆရာ "

" အေးအေ ကောင်းတယ်သမီး "

"ဘုရားရေ။ ရှန်းမိန်ဟွာက ကျောက်လီကျန်းကို တစ်ကယ်မကြိုက်တော့ဘူး။ ဒါဆို သူမက ဘယ်သူ့ကို ကြိုက်နေတာလဲ "

" ငါကို တစ်ချက်လောက် ရိုက်ပေးစမ်းပါ ၊ အခုထိ အိပ်မက်မက်နေတယ် ထင်လို့ "

" ငါ ကယောင်ကတမ်းကို မြင်နေရ၊ ကြားနေရတာလား "

" ဒါဆို ငါ သူမကို လိုက်ဖို့ အခွင့်အရေး ရှိသေးတယ်ပေါ့ "

ကျောင်းသားကျောင်းသူများ၏ ဆူညံသံများပေါ်ထွက်လာကြသည်။

ပြန်လည်မွေးဖွားလာသော အရံဇာတ်ကောင်(U & Z) [completed] Where stories live. Discover now