အပိုင်း (7)

3.7K 254 4
                                    

၇။ ကျောင်းသားသစ်

နံနက်ခင်းအတန်းများတွင် ကျောင်းသူကျောင်းသားများ၏ စကားပြောသံများက ဆူညံလျက်။

ထိုစဥ် အခန်းအတွင်းသို့ အတန်းပိုင်က ဝင်လာလေသည်။ အတန်းပိုင်း၏ နောက်တွင် ကျောင်းသားအရွယ်ကောင်လေး တစ်ယောက်နဲ့ အရပ်ကောင်းကောင်း ချောမောတဲ့လူတစ်ယောက် ပါလာ၏

" ကဲကဲ ဒီနေ့မင်းတို့အတန်းကို ကျောင်းသားအသစ်ရောက်လာတယ်၊ ကဲ..သား မင်းကိုမင်း မိတ်ဆက်လိုက်ပါဦး "

" အားလုံးပဲ့ မဂ်လာပါဗျာ၊ ကျွန်တော်နာမည်
လော့ကျန်းမင်း ဖြစ်ပါတယ်၊ အားလုံးပဲ့ ကျွန်တော့်ကို
ကူညီပေးကြပါအုန်း "

သာယာချိုအေးလှသော အသံက ထွက်ပေါ်လာ၏
မိန်းမလှလေးများက အရှက်သည်းနေကြ၏ ယောကျာ်းသားလေးများကလည်း ချစ်ဖို့ကောင်းသည် ပိုင်ရှင်မရှိရင် လိုက်မည်ဟု တေးမှတ်ထားကြ၏။

သူတို့မသိတာက ထိုသာယာလှသော အသံပိုင်ရှင်မှာ
ပိုင်ရှင်ရှိသည် ဟူသော အချက်ပင်။

" ကျောင်းသားလော့ ကြိုက်တဲ့ခုံမှာ ထိုင်လို့ရတယ် လွတ်နေတဲ့ခုံတွေအများကြီးပဲ့ "

" ဟုတ်ကဲ့ဗျ " ဆိုပြီး ဘယ်နေရာမှာ ထိုင်ရမလဲလို့ တွေးတောနေတာပေါ့

ခုံတွေရဲ့ အလယ်နားကိုလျှောက်စဥ်မှာတော့

" ကျောင်းသားလော့ မင်း စိတ်မရှိရင် ငါနံဘေးမှာ ထိုင်လို့ရပါတယ် "

ဟုတ်တယ်။ သူ့ကိုအသုံးချပြီး သူ့အကို့နား ကပ်ရမယ် ။

လော့ကျန်းမင် ဘားမှပြန်မပြော။ သူ့ကိုရုပ်တည်နဲ့သာ စိုက်ကြည့်နေ၏

သူ့ကိုပြောလိုက်တဲ့သူက သူ့မရီးကို မုန်းနေတဲ့ ပိုင်ယွီ ဆိုတဲ့ အကောင်ပင်။

" တောင်းပန်ပါတယ် ငါဒီမှာ မထိုင်ချင်ပါဘူး "

ပိုင်ယွီကတော့ မျက်နှာပျက်နေတာပေါ့ ကျောင်းသားတွေ အများကြီးရှေ့မှာ သူ့ကို ငြင်းလိုက်တာလေ

ပိုင်ယွီကို ပြောပြီးတာနဲ့ သူရဲ့အနာဂတ်ယောက်မလေး ထိုင်နေရာ ခုံကိုတလှမ်းချင်း လျှောက်သွား၏

ပြန်လည်မွေးဖွားလာသော အရံဇာတ်ကောင်(U & Z) [completed] Where stories live. Discover now