အပိုင်း (12)

3.2K 204 0
                                    

၁၂။ ဒယ်ဒီ

သုံးလခန့်ကြာသော်...

အစမ်းစာမေးပွဲကြီးလည်း ပြီးသွားလေပြီ။

" ဟေး...ကလေးတို့ရေ ငါတို့စာမေးပွဲပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ ညကျရင် သွားသောက်ကျရအောင်လား မိန်းကလေးတွေကျ ဖျော်ရည်သောက်ပေါ့ကွာ..ငါဒကာခံပါမယ် "

ထိုအခုကောင်လေးတွေက

" ရေး...ရေး..
အတန်းခေါင်းဆောင်သာ အကောင်းဆုံး "

" ရှန်းမိန့်ဟွာ မင်းလည်း လိုက်ရမာနော် "

" ဟုတ်ကဲ့ အတန်းခေါင်းဆောင် "

>>>>>>>>>>>>>>>>>>>>>>>>
နာမည်ကြီး ဘားတစ်ခု၌ ကျောင်းသားကျောင်းသူတစ်စု ပျော်ရွှင်စွာ သောက်စားနေကြသည်။

ထိုအခါ

" ရှန့်မိန်ဟွာ နင် ဘာမှသောက်တာ မတွေ့ရဘူးနော်
ရော့ ဒီဝိုင်လေးကို သောက်လိုက် အဲ့တာလေးက သိပ်မမူးဘူး "

မိန့်ဟွာ မုပိုင်ချင်းလာကမ်းပေးတဲ့ ဝိုင်ခွက်ကိုကြည့်ပြီး အရင်ဘဝက ဟာကိုသတိရမိလာသည်။အရင်ဘဝက
သူသောက်လိုက်မိလို့ သူဘဝကြီးတစ်ခုလုံး ပျက်စီးပြီး လမ်းဘေးမှာတင် သေသွားရတာမဟုတ်လား
အခုတော့ အဲ့လို ထပ်ဖြစ်ခံမနိုင်ပါ

" ကျေးဇူးပဲ့နော် ငါသောက်လိုက်ပါမယ် "

လို့ပြောပြီး မုပိုင်ချင်း မတွေ့ခင် ဝိုင်ခွက်ကို အခြားတစ်ခွက်နဲ့ အမြန်လဲကာ တစ်ငုံလောက် သောက်လိုက်သည်။

ထိုအခါ မုပိုင်ချင်းက ပြုံးလာပြီး

" အဲ့ဒါဆို ငါသွားလိုက်ဦးမယ်နော် "

" အင်း "

ဘားမှာ သီချင်းဆိုသူကဆို ကနေတဲ့သူကလည်းက
သူမကတော့ ရင်ထဲက ပူလာပြီး မျက်လုံးတွေလည်း
ဝေဝါးလာတော့သည်။

ကျစ်! ဒီလောက် ခွက်လဲပြီးသောက်လောက်တာတောင် ဆေးကမိနေသေးတာလား!!

မဟုတ်မှ ဆေးက နှစ်ခွက်လုံး ထည့်ထားတာလား

" ရှန့်မိန့်ဟွာ ဘာဖြစ်နေတာလဲဟင် "

" အင်း ဒီတိုင်း ပူလာလို့ "

" လေညှင်းထွက်ခံမလား "

ပြန်လည်မွေးဖွားလာသော အရံဇာတ်ကောင်(U & Z) [completed] Where stories live. Discover now