SIX

1.6K 313 113
                                    

" အချစ်​ "

မိမိအားကိုး​နေရတဲ့လက်​​မောင်းတစ်​စုံက မိမိရဲ့ သွယ်​လျလျခါး​လေးကိုရစ်​သိုင်းလာတာမို့  ​ဆော့ဂျင်​ရဲ့နူတ်​ခမ်းဖူးဖူး​လေး​တွေ​ကော့တက်​ကုန်​သည်​။

" နိုးပြီလား ​မောင်​ "

ပုခုံး​ပေါ်​မေးတင်​လာတဲ့အထိအ​တွေ့

နားကိုတိုက်​ခတ်​​နေတဲ့အ​ငွေ့အသက်

ကာမပိုင်​​ယောက်ျားရဲ့ အရာရာတိုင်းက ​ဆော့ဂျင်​အတွက်​တကယ့်​ကိုမက်​​လောက်​စရာပင်​။

သေချာတယ်​။ ​မောင်​ လို့တစ်​ခါ​ခေါ်တိုင်း ​ဆော့ဂျင်​ရဲ့အားနည်းချက်​ဖြစ်​တဲ့ ပါးချိုင့်​​​လေး​ပေါ်​အောင်​ကိုပြုံး​နေမှာ။

" နိုးနိုးချင်း အချစ်​ကိုမြင်​ချင်​ပါတယ်​လို့​ပြောရက်​နဲ့ ဒီဟာ​တွေကိုဘာလို့ထလုပ်​​နေရတာလဲကွာ "

" ဟားဟား မဟုတ်​တာပဲ​မောင်​ရယ်​။ "
ဆော့ဂျင်​ရဲ့ကိုယ်​လုံး​လေး တုန်​တက်​သည်​အထိ ​ယောက်ျားဖြစ်​သူရဲ့စကားကိုသ​ဘောတကျရယ်​မိပါသည်​။

" အဲ့​လောက်​ထိ ချစ်​ဖို့​ကောင်း​အောင်​မ​နေပြနဲ့။ အသည်းယားလာရင်​ ကိုက်​စားမိလိမ့်​မယ်​ "

ဖက်​ထားသည့်​လက်​​မောင်းများကိုအားအနည်းငယ်​ထည့်​လိုက်​တာမို့ ခါးနားတဝိုက်​တင်းကျပ်​သွားရသည်​။
နားရွက်​ဖျား​အောက်​ဖက်​ကို အသည်းယားမှုလို့​ခေါင်းစဉ်​တပ်​ပြီး ဖွဖွ​လေးကိုက်​ပစ်​လိုက်​​တော့ ​ခေါင်း​လေး​စောင်းကာအသာရုန်းသည်​။

" ဘယ်​လိုဖြစ်​​နေလဲ​မောင်​ရာ ဒီမှာပန်းကန်​​ဆေး​နေတယ်​​လေ။ "

" မသိဘူးကွာ ကိုယ်​အရမ်းအသည်းယားလာပြီ "

နီရဲ​နေတဲ့နားရွက်​ဖျား​လေး​တွေအား ​​လေဖြင့်​ဖြည်းဖြည်းချင်းလိုက်​မှုတ်​ရင်း ကျီစယ်​​နေတာမို့ ​ဆော့ဂျင်​ရဲ့ရယ်​သံ​လေးများကပျံ့လွင့်​​နေသည်​။

အိမ်​အ​ပေါ်ထပ်​က
ထယ်​​ယောင်း​လေး နားကို​ခေါင်းအုံးဖြင့်​ဖိကပ်​ပြီးအိပ်​ပစ်​လိုက်​သည်​။
ကျောင်းသွားဖို့အချိန်​​စော​သေးသည်​မို့ ခဏ​လောက်​ထပ်​​မှေးမယ်​ကြံကာမှ သူ့ပါးပါး​ကဘာ​တွေကိုဒီ​လောက်​သ​ဘောကျ​နေတယ်​လဲမသိ။

Butter & Bread || KV [Completed]Where stories live. Discover now