SEVEN

2K 316 218
                                    

ဒုန်း !

တံခါးကို​ဆောင့်​ပိတ်​လိုက်​ပြီး အိမ်​ထဲငိုကြီးချက်​မနဲ့ဝင်​လာတဲ့ ဝါ အရ တူ​လေး​ တော်​စပ်​သူ​ကောင်​​လေး​ကြောင့်​ သတင်းစာဖတ်​​နေရာက​နေ ​စောင်းကြည့်​လိုက်​သည်​။

" ​ယောက်ျား​လေးမလား ? လင်​လုခံရတဲ့ပုံနဲ့ဘာလို့ငို​နေတာလဲ ချွန်း​ဆောင်း ? "

" ဦးငယ်​ ! "

ခုံမှာထိုင်​​နေတဲ့ ဦးငယ်​ကို ချွန်း​ဆောင်း ဝမ်းသာအားရ​ပြေးဖက်​လိုက်​သည်​။ ဦးငယ်​နဲ့ ချွန်း​ဆောင်းနဲ့က ငါးနှစ်​သာကွာတာမို့ ဝါအရ " ဦး " တပ်​​ခေါ်ရ​ပေမယ့်​ သူငယ်​ချင်း​တွေလိုတိုင်​တိုင်​ပင်​ပင်​​နေဖြစ်​သည်​။
မိသားစုထက်​ပိုပြီး ရင်​ဖွင့်​​ဖော်​ရင်​ဖွင့်​ဖက်​ဖြစ်​တဲ့ ဦးငယ်​ မင်​ယွန်းဂီ က အလုပ်​ကိစ္စနဲ့ဒယ်​ဂူမှာ​နေတာအ​တော်​ကြာပြီမို့ ရုတ်​တရက်​ပြန်​​တွေ့လိုက်​ရ​တော့ ချွန်း​ဆောင်းအ​တော်​​လေးဝမ်းသာသွားသည်​။

" မင်း ​ချွေး​တွေ​ပေကုန်​ပြီကွ! ငါအခုမှ​ရေချိုးထားတာ။ "

စကား​ပြောလည်းမရပ်​သလို သူ့ကိုလည်းတွန်းထုတ်​ပါ​သေးသည်​။

" နှာရည်​​တွေနဲ့ကွာ ... မင်း ​ဂေါ်လီရိုက်​တာရှူံးလာလို့လား "

မျက်​ရည်​​​တွေကို ခပ်​မြန်​မြန်​သုတ်​ပစ်​လိုက်​ပြီး ​ကျောင်းရဲ့အ​ချောဆုံး king ​လေးကို ပိုင်​ဆိုင်​ရဖို့ ဦးငယ်​ဆီကအကြံအဉာဏ်​အမြန်​​တောင်းရ​တော့မည်​။

" ဘယ်​ကသာ ဦးငယ်​ကလည်း ​ရောက်​လာတာနဲ့ကျွန်​​တော့်​ကို​ပြောမယ်​ဆိုတာကြီးပဲ။ ​ကျောင်းက .. ကျွန်​​တော်​ကြိုက်​တဲ့တစ်​​ယောက်​က ကျွန်​​တော့်​ကိုငြင်းလိုက်​လို့ဗျ "

ပြောလဲ​ပြော ​ငိုလည်းငို။
ချွန်း​ဆောင်းကို ယွန်းဂီ
စိတ်​ပျက်​သလိုသာကြည့်​​နေပါသည်​။

" ငါဆိုလည်းငြင်းမှာပဲ .. "

" ဗျာ .. ဦးငယ်​ဘာ​ပြောလိုက်​တာလဲ ? "

" တိတ်​​တော့လို့ ​ပြောတာ။ မင်းပုံစံက​အ​တော်​​လေးဂွမ်း​နေပြီ။ မြင်​လို့​တောင်​မ​ကောင်းဘူး "

Butter & Bread || KV [Completed]Where stories live. Discover now