[44]

2K 392 12
                                    

[Unicode]

ဖာ့ခ်!ဘလိုင်းဒိတ်နှင့် ကျွန်တော် မလိမ်ပါဘူး

"မင်းက ကိုယ့်အိမ်ကိုယ် ပြန်​နေမလို့?" ဟန်​ဝေ ထိုစကား​တွေကိုကြား​တော့ အံ့သြသွားသည်။"အစ်ကိုကြီးနဲ့ အတူတူမ​နေချင်လို့လား?"

တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။အင်း.....ယှဉ်ပြီး ရွေးချယ်ရမယ်ဆိုရင် ကျွန်တော်က မစ္စတာဒါရိုက်တာကြီးနဲ့ပဲ အတူတူ ပိုနေချင်လို့ပါ!

ဆုနို အ​ကြောင်းပြချက်တစ်ခုကို ပေးဖို့ ကြိုးစားလိုက်၏။ "ကျွန်တော်က အိမ်မှာ တစ်​ယောက်တည်း နေချင်လို့ပါ။ ပြီးတော့ အစ်ကိုကြီးနဲ့ မရီးတို့ နှစ်​ယောက်လုံးကလည်း အရမ်းကို အလုပ်များတယ်​လေ"

တကယ့်ကို လူလိမ်တစ်​ယောက်ပဲ!

"ဟုတ်ပြီ။ မင်းလုပ်ချင်သလိုသာ လုပ်​တော့" ဟန်​ဝေက သူတို့ငယ်ငယ်ကတည်းက သူ့အ​ပေါ်ကို ဖိအားမ​ပေးခဲ့ပေ။

သဘာဝကျကျပဲ ဒီတစ်ခေါက်က​တော့ မျှော်လင့်ထားသလို​တော့ မဟုတ်ဘူးပဲ!

ဆုနို သက်ပြင်းချလိုက်ရင်း ချက်ချင်းပင် သူ့စိတ်ထဲမှာ အံ့သြသင့်စွာ ပြောဆိုလိုက်သည်။ အစ်ကိုကြီးက စကားပြောရတာ အရမ်းကိုလွယ်တာပဲ။တကယ် ပြောလို့ဆိုလို့ ကောင်းတယ်!

ဒါ​ပေမယ့် သူ တွေးလို့​တောင်မဆုံး​သေး ဟန်​ဝေပြောလိုက်သည်ကိုကြား​တော့ သူ အရမ်းကို အံ့သြသင့်သွားရသည်။

"မင်း ဆေးရုံက ဆင်းပြီးရင်​တော့ အစ်ကိုကြီး မင်းကို ဘလိုင်းဒိတ် စီစဥ်​ပေးမယ်"

ဖာ့ခ်!ဆုနို မလန့်ပဲမ​နေနိုင်တော့ပေ။

ဒီလို ထိတ်လန့်စရာ​ကောင်းတဲ့ ဘလိုင်း...ဘလိုင်း...ဘလိုင်းဒိတ်လိုမျိုး မဖြစ်နိုင်တဲ့ ကိစ္စကြီးကို အစ်ကိုကြီး ဘယ်လိုများ​ ပြောထွက်နိုင်ရတာလဲ?!

"မင်းက မငယ်​တော့ဘူး။သင့်​တော်တဲ့ မိန်းကလေးတစ်​ယောက်ကို ရှာရ​တော့မယ့်အရွယ်​ရောက်ပြီ" ဟန်​ဝေ ပြောလိုက်၏။ "နောက်တစ်ပတ် သောကြာဆိုရင် ဘယ်လိုလဲ?"

လုံးဝမ​ကောင်းဘူး!!အဲ့လောက် အမြန်ကြီးမလုပ်နဲ့​လေ! ဆုနိုရဲ့ မျက်နှာလေးက ညိုးငယ်​နေရသည်။
"ဘာဖြစ်လို့ ဒီကိစ္စကို ရုတ်တရက်ကြီး ပြောရတာလဲ?"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now