[45]

2K 399 1
                                    

[Unicode]

ကိုယ် ဖြေရှင်းလိုက်မယ်နှင့် cancel ခံလိုက်ရသည့် အလုပ်

မျှော်လင့်ထားသလိုပင် ထန်​ရှောင်းယွီရဲ့ အ​ဖြေမှာ....
"ဟန်​ဝေ"

"ဟန်​ဝေ?" ချိုးကျီယန် ဒါကိုကြား​တော့ မျက်မှောင်ကျုံ့မိသည်။ "သူ့ကို ဘယ်လို ရန်စခဲ့တာလဲ?"

အခုမှ လူ့အသိုင်းအဝိုင်းထဲကို ဝင်လာတဲ့သူက ဟန်​ဝေလိုလူမျိုးနဲ့ ဆက်သွယ်ဖို့ နည်းလမ်းက မရှိသင့်ဘူး။ သူတို့နှစ်​ယောက်လုံးရဲ့ အ​ခြေအ​နေ,နောက်ခံမိသားစုနဲ့ နောက်​​ကြောင်း​တွေအရဆို ပိုလို့​တောင် မဖြစ်သင့်ဘူး။

"အစ်ကိုကြီးဟန်ကို သိတယ်​ပေါ့" ထန်​ရှောင်းယွီ အံ့သြသွားရသည်။

"ဖျော်ဖြေရေးလုပ်ငန်းဆိုတာ လူအမျိုးမျိုးအ​​​ထွေ​ထွေ တွေစု​နေတဲ့ အိတ်ကြီးတစ်လုံးပဲ။မင်း ဒီမှာ လုပ်သက်ကြာရင် သိလာပါလိမ့်မယ်" ချိုးကျီယန် ဆက်​​မေးလိုက်၏။ "သူ့နဲ့ ပဋိပက္ခ ဖြစ်ခဲ့တာလား?"

"အဲ့လိုမျိုး မဖြစ်ခဲ့ပါဘူး။အစက အစ်ကိုကြီးဟန်က သူ့​နေရာမှာ လာလိမ်​ဆော့​နေတဲ့ လူလိမ်​တွေကို ဖမ်း​ခိုင်းတာ။ကျွန်တော်တို့တ​တွေ အစပိုင်းတုန်းကတော့ အလုပ်လုပ်ကြတာ ကောင်း​ကောင်းမွန်မွန်ပါပဲ။ဒါ​ပေမယ့် ကိစ္စလေးတစ်ခု​ ဖြစ်သွားတယ်" ထန်​ရှောင်းယွီရဲ့ စိတ်အ​ခြေအ​နေက ပြော​နေရင်းနဲ့ ထိုးကျသွား​တော့သည်။

"ဘာဖြစ်ခဲ့တာလဲ?" ချိုးကျီယန် မေးလိုက်သည်။

"ကျွန်တော် လူလိမ်​တွေကို တမင်သက်သက် လွှတ်​ပေးလိုက်တယ်" ထန်​ရှောင်းယွီ သူ့ကို ကြည့်လိုက်ရင်း ဆက်​ပြောလိုက်၏။
"နောက်တော့ အစ်ကိုကြီးဟန် သိသွားပြီး အဲ့ဒီအချိန်ကတည်းက လိုက်ရှာ​တော့တာပဲ။ဆေးရုံမှာ​တွေ့ခဲ့တဲ့ တစ်​ခေါက်တုန်းက​တော့ သူတို့​​တွေ ကျွန်တော့်ကို ဖမ်းမိသွားတယ်။ ဒါ​ပေမယ့် အ​ကြောင်းတစ်ခုခု​ကြောင့် ကျွန်တော့်ကို ပြန်လွှတ်​ပေးလိုက်တာ "

သာမာန်အားဖြင့် ဘော့စ် တစ်​ယောက်နဲ့ ဒီလို ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင် အကြီးအကျယ် ထိခိုက်​စေမှာပဲ။သေချာတာကတော့ သူတို့က အမာရွတ်လေးအနည်းငယ်နဲ့ ပြန်လွှတ်ပေးမှာမဟုတ်ဘူး!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now