[46]

2.2K 440 16
                                    

[Unicode]

ပန်း​တွေရဲ့ ရှေ့,လ​ရောင်​​​ရဲ့အောက်မှာ နံရံကို ကျော်တက်ရ​အောင်

မိနစ်အနည်းငယ်ကြာ​တော့ ဆုနိုသည် ဂျက်ဆန်ဆီက ဖုန်း​ကောလ်ကို လက်ခံရရှိခဲ့၏---အသေအချာစဉ်းစားပြီးမှ မူလအစီအစဉ်အတိုင်း သူတို့သုံးဦးလုံးကိုအတူတကွ တက်ရောက်ခွင့်ပေးခဲ့သည်ဟု ဆိုလာပြန်သည်။

"အခု ကျွန်တော်က ပွဲတက်လို့ရပြီ​ပေါ့?" ဆုနို မ​မျှော်လင့်ထားသည့် ကိစ္စ​ကြောင့် အံ့ဩတကြီးဖြစ်သွားရသည်။

"မင်း မသွားချင်ဘူးဆိုရင်?" ဂျက်ဆန်ရဲ့ အသံမှာ တုန်ရီ​နေပြီ။သူ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်​တော့ ကိုင်တွယ်နိုင်​ပေမယ့် တတိယတို့ စတုတ္ထ​တွေကို​တော့ မ​​မျှော်လင့်ထားဘူး​လေ!

".......ကျွန်တော်သွားပါ့မယ်။ဒါဆိုရင် ပွဲအတွက် စီစဉ်စရာရှိတာ​တွေအတွက် ဒိုင်အန်းကို ပြောလိုက်ဦးမယ်"

ဆုနို ဖုန်းချလိုက်ပြီး​နောက် ဟန်​ဝေကို တစ်ဗျစ်​တောက်​တောက် တိုင်တန်း​တော့သည်။"ကျွန်တော်တို့ရဲ့ ဘော့စ်က တကယ် မယုံနိုင်စရာပဲ။ သူ​ပြောင်းချင်ရင်​ပြောင်းပစ်လိုက်တယ်။ဒါ တာဝန်ယူမှုမရှိတာပဲ။သူ လုံးဝကို ယောကျ်ားမဆန်ဘူး။သူက အချိန်​တွေကို သက်သက်ကုန်​အောင် လုပ်နေတာပဲ!"

"အစ်ကိုကြီးလည်း အဲ့လိုပဲထင်တယ်။သူ​ပြောင်းချင်သလို ပြောင်း​နေတာပဲ။ဒါ ဘယ်လို ယောကျ်ားမျိုးလဲ?" ဆုနိုအစ်ကိုကြီးရဲ့ မျက်နှာက တကယ့်ကို အရည်ထူလွန်းတာပဲ!သူက တခြားသူအ​ပေါ် အပြစ်ဖို့တဲ့​နေရာမှာ​တော့ တကယ်​တော်လွန်းတယ်!

"အခု အရမ်း​နောက်ကျ​နေပြီ။အစ်ကိုကြီး အရင်ပြန်​နှင့်တော့" နာရီဝက်ကုန်ဆုံးသွားပြီးနောက် ဆုနို သမ်း​ဝေလိုက်သည်။ "ကျွန်တော်ပင်ပန်း​နေပြီ။အခုပဲ အိပ်​တော့မှာ"

"မင်း တစ်​ယောက်တည်း အဆင်​ပြေရဲ့လား?" ဟန်​ဝေ သူ့​ခေါင်း​လေးကို ပွတ်​ပေးလိုက်သည်။

အဆင်​ပြေမှ​ပြေပဲ!

ဆုနို သူ့ညာ​ခြေ​ထောက်ကို မြှောက်လိုက်ပြီး သူ့​ခြေ​ချောင်း​လေး​တွေကို လှုပ်ပြလိုက်၏။ "ကြည့်!လုံးဝ ကောင်း​နေပြီ!"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now