သံသရာတစ်ကွေ့ 🌹 part 3

34K 939 24
                                    

Part-3 🌹

အမရာအိပ်ရာစောစောထကာ ကျောင်းကိုဒီနေ့တော့စောအောင်သွားမယ်လို့ စိတ်ကူးရင်းအေးချမ်းတဲ့ဆောင်းရာသီကို အံတုကာထွက်လာခဲ့သည်။ဆံပင်နှစ်ဖက်ကိုကျစ်စံမြီးကျစ်ကာ ဖဲပြားလေးတက်ပြီးအပေါ်ကနေအနွေးထည်လေးခြုံကာ လက်လေးပိုက်လျက်ကားမှတ်တိုင်၌ရပ်နေခဲ့သည်။ရေလဲချိုးလာတာမို့ တိုက်လာတဲ့လေကိုမေးရိုက်အောင်ခံရပြီး နေကောင်းကောင်းမထွက်သေးချိန်မှာ ခံစားရတော်တော်ခက်နေမိ၏။ကားကလဲအရေးဆိုနောက်ကျလိုက်တာမှ အရင်နေ့တွေဆိုလွတ်လိုက်တာ ဒီနေ့ကျတစ်စီးမှမလာဘူး။စိတ်ပေါက်ပေါက်နဲ့တွေ့ကရာခဲကိုပိတ်ကာကန်ပေးလိုက်တော့သည်။

''ခဲက ဘာလုပ်လို့ ကန်နေတာလဲ''

နောက်ကျောဘက်ကအသံကြောင့် အမရာကိုယ်လေးတုန့်ဆိုင်းသွားရသည်။ဒီအသံသည်ရူးရူးမူးမူးချစ်ခဲ့ရတဲ့အသံဖြစ်သော်ငြား အခုတော့ရွံစရာအသံဖြစ်နေခဲ့တော့သည်။ကြည့်လိုက်တော့
ကောင်းမြတ် သို့ တစ်ချိန်ကရီးစားဟောင်းလို့ဆိုရမလား။ အတိတ်ကခံစားခဲ့ရသမျက ခေါင်းထဲဝင်လာတော့ လက်သီးစုပ်မိရဲ့သားဖြစ်နေတော့သည်။သစ္စာဖောက်ပြီး ကိုယ်ထိလက်ရောက်လုပ်တတ်တဲ့ ယောကျာ်းမျိုးကိုအမရာသိပ်မုန်းတာမို့ လှည့်ကိုအဖတ်မလုပ်မိပေ။

''ဘာလဲ မခေါ်နိုင်မပြောနိုင်ဖြစ်နေတာလား၊ နင်ကမထင်ရဘူးနော်။ ဆိုးသွမ်းမိုက်ရိုင်းတဲ့နင်က ဒီလိုခံစားတတ်မယ်လို့''

ခပ်ရိရိနဲ့လာပြောနေတဲ့ သူ့အသံကလှောင်နေသယောင် သူကအမြဲအနိုင်ယူနေကြပါ။ပိုက်ဆံဆိုပိုက်ဆံ ရီးစားဆိုရီးစား ချစ်မှန်းသိရဲ့နဲ့ နာကျင်အောင်လုပ်သမျှစုပုံလာတော့ မုန်းတာထပ်ကိုပိုပါသည်။ အသံလဲမကြားချင်သလို ပတ်သတ်ခဲ့မိတာကိုနောင်တအရဆုံးပင်။ဒါတောင်ရမလားဆိုပြီးနွားဇာတ်လာသွင်းနေတာကို တံတွေးတောင်ထွေးပစ်လိုက်ချင်သေး။

ဖတ်ဖူးတဲ့စာအုပ်ထဲက စာရေးဆရာမကပြောတယ်၊ တစ်ချို့တွေကဖူးစာပါလို့ မဟုတ်ပဲ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်လုပ်ဖို့ ဝဋ်နာကံနာနဲ့ဆုံတာတဲ့။သူ့ကိုပဲငေးကြည့်ခဲ့တဲ့ ဒီမိန်းမဟာတန်ဖိုးမရှိတဲ့မိန်းမလို ဆက်ဆံပြီးလှည့်မကြည့်ပဲပစ်ထားခဲ့ပြီးမှ အခုလာပြီး မျက်နှာပြောင်လာတိုက်တာကိုရွံပါတယ်။မနက်စောစောချီးနင်းမိတာတောင် သည်လောက်ရွံစရာမကောင်းဘူး။

သံသရာတစ်ကွေ့ { Complete }Where stories live. Discover now