🌹
မနက် ၈နာရီကျော်ပြီမို့ အမရာအိပ်ယာထကာပုခက်ထဲက သမီးလေးကိုအသာနှိုးကာချီလိုက်တော့သည်။ အခုနှစ်နှစ်ကျော်ရုံလေးမို့ အစစအရာရာဂရုစိုက်နေရတော့သည်။ လုံးခဲပြီးဖြူတုတ်တုတ်လေးက လက်ကားယား ခြေကားယားနဲ့လျှောက်ဆွဲနေတာမို့ ရေချိုးခန်းထဲခေါ်ကာမျက်နှာသစ် ရေချိုးပေးလိုက်တော့သည်။
" ပုံပုံရေ ဒီကိုကြည့်ပါဦး၊ အာပေတူးလေး "
" မေ မေ "
" ရှင် "
ပါးဖောင်းဖောင်းကြီးကိုနမ်းပစ်ကာ ရေချိုးပြီးတာနဲ့ပေါင်ဒါလိမ်း၊ အဝတ်အစားလဲပေးပြီး သူ့အဖေဘေးနားပြန်ချထားခဲ့လိုက်သည်။ ကိုကြီးကခုထိမနိုးသေးတာမို့ တမင်ရင်ဘက်ကိုဆွဲစိတ်ကာ သမီးလေးကိုသူ့ပေါ်တင်ပေးခဲ့တော့သည်။ သားကြီးကနိုးနေပြီမို့သားအမိနှစ်ယောက် ရေချိုးပြီးအောက်ထပ်ဆင်းလာခဲ့တော့သည်။ ဖြူဖွေးပြီး ကျယ်ပြန့်တဲ့အိမ်ကိုပတ်လည်ရိုက်အောင် ဆော့တတ်တဲ့သားကြောင့် လွှတ်ထားပြီးမနက်စာသာပြင်ရတော့သည်။ အိမ်အကူလေးတွေကိုနားရက်ပေးထားတာမို့ အမရာကပိုပင်ပန်းနေရတော့သည်။
ဆွဲစိတ်ခံရထဲကနိုးသွားပေမဲ့ မထသေးပဲပျင်းနေမိသည်။ ရုံးမသွားချင်တာမို့ပေကပ်ပြီးအိပ်နေရင် မိန်းမကအပေါ်တက်လာပြီးဆူတော့မှာမို့ ကုန်းရုန်းထကာအကြောတွေလျော့ပစ်လိုက်တော့သည်။
" သမီးလေး.... ရှုး မွှေးလိုက်တာ၊ ရေချိုးပြီးပြီလားဗျ။ မေမေရော "
" ဖေ့ နို့သောက်မယ် "
" ခဏလေးနော် "
နှာခေါင်းနဲ့ဗိုက်ကိုထိုးကာ တရှုးရှုးလုပ်ပြတော့သဘောတွေကျကာ တခစ်ခစ်ရယ်နေတော့သည်။ ကလေးကိုတွန်းလှည်းလေးထဲထည့်ပြီးတာနဲ့ အောက်ထပ်ကိုပို့ပြီး ရေခပ်သွက်သွက်ချိုးပစ်လိုက်တော့သည်။ ဆံပင်ကွေးကွေးလေးတွေကရှည်လာကာ နဖူးပေါ်ဘေးတစ်စောင်းကျနေပြီး ညိုညိုအသားအရည်က အရင်ကထက်စိုပြေကာ ပိုမိုနုပျိုလာဟန်ရှိသည်။ မှန်တင်ခုံနားရောက်တာနဲ့ ချာတိတ်သုံးတဲ့ skin care တွေကိုမွှေနှောက်ပြီး ယူလိမ်းပစ်လိုက်သည်။ ပြီးတာနဲ့ lotion တွေလိမ်းကာ ရေမွှေးပါယူစွတ်လိုက်၏။ ဆံပင်ရေမခြောက်တခြောက်ကို လက်နဲ့ဖွပြီးပုလဲရောင် shirt ကိုကြယ်သီး၃လုံးဖြုတ်ကာ ဝတ်ဆင်လိုက်သည်။ ပြီးတာနဲ့စတိုင်ပန်အနက်ကိုဝတ်ကာ Rolex နာရီထဲကတစ်လုံးကိုယူပတ်လိုက်တော့သည်။
YOU ARE READING
သံသရာတစ်ကွေ့ { Complete }
RomanceUnicode and Zaw Gyi❗️ START DATE- Spetember 21 2021 END DATE - October 16 2021 အချစ်ကို ကစားစရာလိုသဘောထားဖူးတဲ့လူဟာ တကယ်ချစ်ရမဲ့လူတွေ့တဲ့အခါ သူသေချာချစ်ပေးနိုင်ပါ့မလား။ အချစ်ကို ကစားစရာလိုသဘောထားဖူးတဲ့လူဟာ တကယ်ချစ်ရမဲ့လူတွေ့တဲ့အခါ သူသေချာချစ်ပေးနိ...