သံသရာတစ်ကွေ့ 🌹14

37.8K 852 27
                                    

Part-14

၆လကျော်ကြာတိုင်အောင်ငယ်လေးကို အချိန်မပေးဖြစ်ပဲ ခဏတွေ့ပြီး စကားပြောရုံသာတတ်နိုင်ခဲ့သည်။မင်းဆက်လဲကြာကြာတွေ့ချင်ပေမဲ့ တွေ့ရအောင်မတတ်သာခဲ့ပေ။ဒီရက်ပိုင်းမင်းဆက်နောက်ကို နောက်ယောင်ခံလိုက်နေတာမို့ အသွားအလာသတိထားနေရတာဖြစ်သည်။ယွန်းသဉ္ဇာမေသြစီပြန်သွားပြီး ကျောင်းတက်နေပြီလို့မေမေကပြောပေမဲ့ မင်းဆက်မယုံသေး။ဒီအမျိုးသမီးတို့မိသားစုကသိပ်ယုံရတာမှမဟုတ်ပဲ။စနေနေ့မနက်ခင်းတစ်ခုမိုးတောင်မလင်းသေးခင် မင်းဆက်နိုးလာတော့ Messeage မှာတွေ့လိုက်ရတာက "လမ်းခွဲရအောင် သူသူရှေ့မဆက်ချင်တော့ဘူး" ဆိုတဲ့စာဖြစ်သည်။မနက်၃နာရီအထိခဏအိပ်လိုက်၊အလုပ်လုပ်လိုက်လုပ်နေတဲ့ မင်းဆက်အဖို့အကြီးအကျယ်ရှောခ့်ရသွားစေဖြစ်၏။

မက်ဆေ့ခ်ျပို့ထားတာကြာပြီဖြစ်ပြီး အခုမှဖုန်းဆက်ရင်လဲအဆင်မပြေ။ဖင်တကြွကြွမိုးလင်းအောင်သာစောင့်ရတော့သည်။အခုဆိုငယ်လေးကတတိယနှစ်အဝေးသင်နားနေချိန်မို့ သူ့သူငယ်ချင်းတွေနဲ့အပန်းဖြေနေတာဖြစ်လိမ့်မည်။
မနက် ၆နာရီ။

*Ring......Ring *

မင်းဆက်နားဆီသို့ဝင်လာတဲ့ဖုန်းသံကြောင့် မှေးခနဲအိပ်ပျော်ရာကနေလန့်နိုးသွားတော့သည်။

"ဟယ်လို"

"ကိုဆက်ဖုန်းဆက်ထားလို့"

"အေး ဖက်တီးဆီကငယ်လေးသတင်းဘာကြားလဲ။ငါ့ကိုလမ်းခွဲရအောင်လို့ပြောထားတယ် ချီးပဲကွာ"

ခွန်နေရောင့်ဆီကဖုန်းလာလာခြင်းမင်းဆက် စိတ်ညစ်စွာပြောမိတော့သည်။မင်းဆက်ညကသူငယ်ချင်းတွေကို ဖုန်းတောက်လျှောက်ခေါ်နေခဲ့တာ၊ ဘာလုပ်ရမှန်းမသိ ဂယောင်ခြောက်ခြားဖြစ်စွာနဲ့ပေါ့။

"မိုမို့ကိုပြောပြောနေတာကြာပြီ။အချိန်ကြာလာတော့အေးစက်စက်နဲ့ဖြစ်လာလို့ စိတ်ညစ်တယ်ဆိုပြီးခဏခဏငိုတယ်တဲ့။ငါ့အထင်တော့ ညီမလေးတော်တာ့်ကိုတွေးပြီးမှ ဆုံးဖြတ်လိုက်တာထင်တယ်"

" တကယ်ပဲကွာ၊အခုအမရာဘယ်မှာလဲ၊မင်းမေးပေး ငါ့ဖုန်းကိုလုံးဝမကိုင်ဘူး။"

သံသရာတစ်ကွေ့ { Complete }Where stories live. Discover now