Part 12*

2K 143 3
                                    

ထိုနေ့နောက်ပိုင်း ကောင်းမြတ်ကတော့ တိမ်လေးကို အရိပ်တကြည့်ကြည့်လုပ်နေသည်။ တိမ်လေးနား ရစ်သီရစ်သီလုပ်နေတဲ့ ဝေဖုန်းကိုတော့ သူ ကြည့်မရ။ ရန်ဖြစ်တာကို သဘောမကျတဲ့ တိမ်လေးကြောင့်သာ ဒေါသကို အတတ်နိုင်ဆုံး ထိန်းထားရသည်။

တိမ်လေးကတော့ ဘာမှ မသိတာမို့ ပျော်ပျော်သာ နေသည်ကို တွေ့ရတော့ အနည်းငယ် စိတ်သက်သာရာရသည်။

တွေးနေတုန်းမှာပဲ

" အကို.. အကို "

" ........ "

" ဒီညလေ ခေါက်ဆွဲပြုတ်လေး စားရအောင်နော် "

" တိမ်လေး စားချင်လို့လား "

" ဟုတ်တယ် စားချင်လို့၊ ခုနကလေ အကို မင်းစစ်က သူအိမ်မှာ စားတာတွေ ပြောပြနေတာ အဲ့တာနဲ့ စားချင်သွားလို့ဗျ ဟီးးးးး "

" အင်း ညနေ ကျောင်းဆင်းရင် ခေါက်ဆွဲထုပ်ဝယ်ပြီး ပြန်မယ် "

" ဝါးးးး ​ကောင်းလိုက်တာ ခေါက်ဆွဲစားရတော့မယ် "

..............

ကျောင်းဆင်းတော့ တိမ်လေးသဘောအတိုင်း ခေါက်ဆွဲထုပ်ဝယ်ကာ အိမ်ပြန်လာရသည်။ အိမ်ရောက်တော့

" မားမား သား ဒီနေ့ ထမင်းမစားတော့ဘူး "

" ဘာလို့လဲ သား၊ နေမကောင်းဘူးလား "

" ကောင်းပါတယ် အကိုနဲ့ ခေါက်ဆွဲပြုတ်စားမလို့ "

" အေးပါ အေးပါ အများကြီးလည်း မစားကြနဲ့ဉီး "

" ဟုတ်ကဲ့ " ဆိုကာ တိမ်လေးကတော့ အပေါ်ထပ်အခန်းထဲ တက်သွားသည်။

ကောင်းမြတ် ဝယ်လာတဲ့ ခေါက်ဆွဲခြောက်ထုပ်ကို ယူကာ မီးဖိုချောင်ထဲဝင်လိုက်ပြီး အစားအစာထည့်တဲ့ ဗီဒိုထဲ ထည့်ထားလိုက်သည်။

ထိုစဉ်

" ကောင်းမြတ် "

" ဗျာ အန်တီ "

" အန်တီ သားကို ပြောစရာရှိလို့ "

" ဟုတ်ကဲ့ဗျ "

အန်တီက ရပ်နေရာမှ သူ့နားကို ရောက်လာပြီး ရုတ်တရက်ဆိုသလို ပွေ့ဖက်ခြင်း ခံလိုက်ရသည်။ ပြီးနောက် ပွေ့ဖက်ထားရာမှ ခွာကာ သူ့ရ​လြက်နှစ်ဖက်ကို ဆုပ်ကိုင်လာသည်။ အန်တီ့ကို သေချာကြည့်တော့ မျက်ရည်တွေ လဲ့နေတာမို့ အန်တီ ငိုနေသည်လားဟု တွေးလိုက်သည်။

" မြတ်နိုးရာ တိမ် "Where stories live. Discover now