Part 20*

2.1K 125 2
                                    

ကောင်ငယ်လေးက တကယ်ကိုမလွယ်သောပါပဲ။ အိမ်ကနေ အဝတ်အစားတွေပါသွားယူလာပြီး ကောင်းမြတ်ဆီပြန်ရောက်လာသည်။ တလွှာပဲခြားပေမယ့် ဆင်းရမှာပျင်းကြောင်းက ပြောသေးသည်။

" တိမ်လေး ညနေ ဘာစားချင်လဲ "

" အကိုချက်မလို့လား။ မချက်နဲ့တော့လေ မားမားက ညနေစာလာယူတဲ့ "

" အန်တီ့ကို အားနာလို့လေ တိမ်လေးရဲ့ " လို့ပြောတော့ မျက်စောင်းလေးထိုးကာ ကြည့်လာသည်။

"အကိုနဲ့ တိမ်လေးတို့နဲ့က အားနာရမယ့်သူတွေလား "

" မဟုတ်ဘူးလေ အန်တီက အသက်ကြီးနေပြီ၊ အကိုတို့အတွက်ပါ ပြင်ဆင်ပေးနေရရင် ပင်ပန်းမှာစိုးလို့ပါ "

" .......... "

ကောင်ငယ်လေး စိတ်ဆိုးမှာစိုးတာကြောင့် ညနေစာကို တိမ်လေးအိမ်ကသာ သွားယူဖို့ သဘောတူလိုက်သည်။

နေ့ခင်းတစ်နေ့ခင်းလုံး ရုပ်ရှင်ကြည့်ကာ အေးဆေးအနားယူဖြစ်ကြသည်။ သို့သော် အေးဆေးမဖြစ်သည်က ကောင်းမြတ်ဖြစ်သည်။

ပေါင်ပေါ်လှဲအိပ်ကာ ရုပ်ရှင်ကြည့်နေသူအား ခနခနငုံ့ကြည့်မိကာ လှုပ်ခတ်နေမိသော နှလုံးသားတစ်စုံကို ဖုံးဖိရင်း အလုပ်ရှုပ်နေတာကြောင့်ဖြစ်သည်။

အချိန်ကား ၅ နာရီထိုးနေပြီမို့ ရုပ်ရှင်ကြည့်ခြင်းကိုရပ်လိုက်ပြီး ရေချိုးလိုက်သည်။ အပြင်ကလည်းထွက်မရသည်မို့ တိမ်လေးကတော့ ထမင်းချိုင့်သွားယူလာသည်။

ထမင်းစားပြီးနောက် ချိုင့်ကိုသေချာဆေးကာ မှောက်ထားလိုက်သည်။ ပြီးနောက်

" အကို "

" ......... "

" အောင်စရင်းမထွက်ခင် ဘယ်သင်တန်းတွေတက်ကြမလဲဟင် "

" တိမ်လေး တက်ချင်တဲ့သင်တန်းရှိလား "

" တိမ်လေးက English စာ အဓိက တက်ချင်တာ "

" အင်း English သင်တန်းလေး တက်ကြတာပေါ့ "

" ဟင် အကို တကယ်တက်ချင်လို့လား "

" တက်မယ်လေ ဘာလို့လဲ "

" ဟီးးးးး တိမ်လေးနဲ့တူတူသွားလို့ရတာပေါ့ "

" မြတ်နိုးရာ တိမ် "Where stories live. Discover now