Part 15*

2K 147 3
                                    

စာမေးပွဲဖြေဆိုသည့် နောက်ဆုံးရက်သို့ပင်ရောက်လာခဲ့သည်။ ဖြေဆိုထားတဲ့ဘာသာတွေဟာလည်း နှစ်ယောက်လုံးအတွက်အဆင်ပြေခဲ့သည်မို့ အနည်းငယ်စိတ်ချမ်းသာရသည်။

နေ့တိုင်းလိုက်စောင့်ပေးတဲ့လူကြီးနှစ်ယောက်ကလည်း အားရှိမယ့်အစားအစာတွေကျွေး ဆုံးမစကားတွေပြော ပြုစုစောင့်ရှောက်ပေးသည်မို့ကောင်းမြတ် အလွန်ကျေးဇူးတင်နေမိသည်။

ဒီအချိန်မှာတောင် သွေားသားအရင်းဆိုသည့် ဖခင်ဖြစ်သူက အရိပ်ကလေးမျှပင်မပေါ်လာတာကြောင့် စိတ်နာနေမိသည်။

" ဒီနေ့လည်းအကောင်းဆုံးဖြေခဲ့နော် "

" ဟုတ်ကဲ့ပါဗျ "

" ဟုတ်ကဲ့မားမား "

ကျောင်းထဲဝင်သွားတဲ့ နှစ်ယောက်လုံးရဲ့ကျောပြင်ကိုကြည့်ကာ ရင်တမမနဲ့ ကျန်ခဲ့ရပြန်သည်။ နှစ်ချင်းပေါက်အောင်စေချင်သော လူကြီးတွေရဲ့သဘောထားကိုတော့ နှစ်ယောက်လုံး နားလည်သည်။

စောင့်ဆိုင်းနေရင်းနဲ့မှ အချက်ပေးခေါင်းလောင်းထိုးသံကြောင့် စာမေးပွဲဖြေဆိုခြင်းပြီးသွားပြီဆိုတာကိုသိလိုက်သည်။ အလုအယက်ပြေးထွက်လာကြတဲ့ကျောင်းသူ/ ကျောင်းသားတွေရဲ့ကြား မိမိတို့ရဲ့သားနှစ်ယောက်ကို မျှော်ကာကြည့်မိသည်။

ကောင်း​မြတ်အတန်းထဲကထွက်လာသည်နှင် တိမ်လေးဖြေဆိုသည့်အခန်းနား ရပ်စောင့်နေလိုက်သည်။ မကြာခင်အချိန်တွင်းမှာပဲ သူငယ်ချင်းတွေနဲ့စကားပြောကာ ထွက်လာတဲ့တိမ်လေး

" တိမ်လေး "

ရပ်​စောင့်နေသည်ကိုမမြင်တာကြောင့် ကောင်းမြတ် လှမ်းခေါ်လိုက်ရသည်။

" အကိုက အပြင်မှာပဲ စောင့်နေမယ်ထင်တာဗျ "

" လူရှုပ်တယ် သွားစို့ "

ထုံးစံအတိုင်း တိမ်လေးလက်ကို ကိုင်ကာ လူအုပ်ကြီးကြား တိုးရပြန်သည်။ ခနနေတော့

" ဖြေနိုင်ကြတယ်မလား "

" ဖြေနိုင်တာပေါ့ မားမားရဲ့၊ ဒီနေ့ အကုန်ပြီးပြီ ရေးးးးးးးးးးပျော်လိုက်တာ " ဆိုပြီးခုန်ပေါက်နေတဲ့ကောင်ငယ်လေးကို ကြည့်ကာ သူပါပျော်မိသည်။

" မြတ်နိုးရာ တိမ် "Where stories live. Discover now