အပိုင်း[၁]

1.5K 62 16
                                    

[Unicode]

ဝိုင်ဇက်(YZ) ရှေ့မှာထိုင်နေတဲ့ ကောင်လေးကိုကြည့်ရင်း စိတ်ရှုပ်ထွေးစွာ ခေါင်းကိုကုတ်လိုက်မိတယ်။မနက် ဖုန်းဆက်တဲ့ မာတာမိခင်အကြောင်းကို ပြန်တွေးမိတော့ ကောင်လေးကို နှင်ထုတ်ချင်တဲ့ စိတ်တို့က ချက်ချင်းပျောက်သွားတယ်။

ကောင်လေးကို နှင်ထုတ်ရင် မာတာမိခင်ကလည်း သူ့ကို သားအဖြစ်က စွန့်လွှတ်မည်တဲ့။တစ်စိတ်ရှိတိုင်း သားအဖြစ်ကစွန့်လွှတ်မယ် ပြောနေသော မာတာမိခင်ကို ရှိခိုးပြီးသာ တောင်းပန်လိုက်ချင်တယ်။

သို့သော်လည်း ချစ်ရပါသော မိခင်ကို စိတ်မညစ်စေချင်..
ငယ်စဉ်ကပင် မိခင်စကားကို တသွေမတိမ်းနားထောင်တတ်သည်မလား။

ရည်းစားဆို မူးလို့ရှူစရာမရှိသလို သူ့အတွက် အချစ်ဦးဆိုတာလည်း မရှိခဲ့။မိန်းကလေးသူငယ်ချင်းတွေလည်း ရှိသလို သူ့ကို ရင်ခုန်စေတဲ့ မိန်းကလေးမရှိ။

အခု၂၉နှစ်ပြည့်ပြီး နောက်တစ်နေ့မှာတင် မာတာမိခင်နဲ့ သူ့သူငယ်ချင်းအပေါင်းအပါတို့ စုပေါင်းပြီး ကောင်လေးတစ်ယောက်ကို သူ့ဆီပို့လိုက်တယ်။

Sex ပါတနာအဖြစ်တဲ့!ဘဝတစ်လျှောက်လုံးမှာ ဒီလိုမွေးနေ့လက်ဆောင်အဖြစ်ရလာမယ်လို့ မထင်ထားခဲ့။

ကောင်လေးကိုကြည့်မိတော့ ပကတိအေးချမ်းတဲ့ မျက်နှာလေးမျိူး၊သူ့အကြိုက်ပေ။အဲ...သူသဘောကျတဲ့ မျက်နှာမျိူး ဒီလိုမျက်နှာမျိူးက ကြည့်တဲ့လူကိုပါ အေးချမ်းစေတယ်လေ။အသားဖြူလွန်းသည်ဟုလည်း မဆိုသာ၊ခန္ဓာကိုယ်ကတော့ ပါးလှသောအင်္ကျီမှတစ်ဆင့် အဆီအပိုအလိုမရှိတာ မြင်နေရတယ်။

ကော်ဖီခွက်ကိုကိုင်ထားတဲ့ လက်ချောင်းတို့က သဘောကျချင်စရာတစ်ခုပေ။

"ကျွန်တော် ဘယ်အခန်းမှာ နေရမလဲ၊ဦးလေးကြီးနဲ့ အတူနေရမှာလား"

ဦးလေးကြီး လို့ဆိုလာတဲ့ ကောင်လေးကြောင့် သူစိတ်ညစ်သွားတယ်။ဒီကောင်လေးက ရုပ်နဲ့မှမလိုက် သူ့စကားက ရက်စက်လှတယ်။အသက်ပိုကြီးတဲ့ သူကပဲ ရင့်ကျက်စွာနဲ့ အလျှော့ပေးလိုက်တော့မယ်။

The Love Of PartnerWhere stories live. Discover now