အပိုင်း[၈]

768 45 3
                                    

[Unicode]

ဒုန်း ဆိုတဲ့အသံက ဝိုင်ဇက် အိမ်သာတံခါးကို အားနဲ့ ဖွင့်လိုက်တာဖြစ်ပြီး ခွပ် ဆိုတဲ့အသံက လွန်းသာ ဉာဏ်လင်းကို ဆွဲထိုးလိုက်ခြင်း။

ဝိုင်ဇက် အစောကတည်းက သူတို့နှစ်ယောက် ပြောတဲ့စကားတွေကို နားထောင်နေပြီး ဉာဏ်လင်းရဲ့ စကာူကြောင့် သူလည်း ဒေါသထွက်တယ်။

ဒါပေမယ့် လွန်းသာလို အကောင်လေးက ဉာဏ်လင်းကို မှောက်အောင် ဆွဲထိုးလိုက်တော့ ဝိုင်ဇက် အံ့ဩသွားတယ်။

"ဒီမှာ ကျွန်တော် ခင်ဗျားကို ရင်းနှီးနေခဲ့တာ သရဖီကြောင့်ပဲ၊သည်းခံနေလို့ စော်ကားလို့ရမယ် ထင်နေရင် ခင်ဗျားသွားတွေ ဘုရားဖူးလှည့်သွားတယ်"

ဒေါသသံပါနေတဲ့ ကောင်လေးက ဝိုင်ဇက်မြင်ဖူးနေကြ ပုံစံမဟုတ်။အင်း....ဒီလိုပုံစံလေးနဲ့ သူကြိုက်ပါတယ်။

ကောင်လေး ဒေါသထွက်နေတဲ့ပုံကလည်း တစ်မျိူးလေး သူကိုဖမ်းစားနိုင်သည်။

ကောင်လေးက သူ့ကိုမြင်တော့ ချက်ချင်းဆိုသလို ဒေါသထွက်တဲ့ပုံရိပ်မရှိတော့ပဲ
"ဦးလေးကြီး ရှိနေတာလား"

"အင်း"

"ကျွန်တော်တို့ သွားရအောင်လေ၊အလုပ်ဆင်းလိုက်တော့မယ်"

"ကိုယ် လက်ဆေးလိုက်အုန်းမယ်၊မင်း ယူနီဖောင်းလဲနှင့်လိုက်"

ကောင်လေးက ခေါင်းညိတ်ပြပြီး သန့်စင်ခန်းထဲက ထွက်သွားတယ်။ကျန်နေခဲ့တာက ကြမ်းပြင်မှာ ထိုင်လျက်ဖြစ်နေတဲ့ ဉာဏ်လင်းနဲ့ လက်ဆေးနေတဲ့ သူရယ်။

"ဒီထက်ပိုပြီး စည်းကျော်လာရင်၊ဒီတစ်ခါ တစ်ချက်နဲ့တင် ပြီးမှာမဟုတ်ဘူး"
ဝိုင်ဇက်ရဲ့ သတိပေးသံကြောင့် ဉာဏ်လင်းက အသိစိတ်ပြန်ရသွားသလို

"ဟက်!လွန်းသာလိုကောင်က ပိုက်ဆံမက်နေတာ အခုမှသိလိုက်ရတယ်။ခင်ဗျားလည်း သူ့ကို ဘယ်လောက် ကြာကြာဆွဲထားနိုင်မလဲ စောင့်ကြည့်နေပါအုန်းမယ်"
အစားရတဲ့အမဲ သဲနဲ့ပက်သလိို ဉာဏ်လင်းပြောချင်တာပြောပြီး ချက်ချင်းထွက်သွားလိုက်တယ်။

ဘာမဟုတ်တဲ့ကောင်က သူ့ကိုဆွဲထိုးရဲတယ်။အလျော့ပေးလို့ ရောင့်တက်နေတာပဲ၊သူ့အကြောင်း ကောင်းကောင်းသိစေရမယ်လို့ တေးမှတ်ကာ အိမ်ကို အမြန်ပြန်ဖို့ ထွက်သွားသည်။

The Love Of PartnerWhere stories live. Discover now