အပိုင်း[၇]

723 45 1
                                    

[Unicode]

"သူက ဘယ်သူလဲ"
အပြန်ကားမောင်းရင်းနဲ့ သူ မနေနိုင်ပဲ လွန်းသာကိုမေးလိုက်သည်။

"အလုပ်က အသိတစ်ယောက်ပါ"

"သူငယ်ချင်းအဆင့်လား"

"ကျွန်တော့်ကို ဖွင့်ပြောဖူးပေမယ့် ကျွန်တော့်အတွက်က သူက မိတ်ဆွေအဆင့်ပါပဲ"

ဘာကြောင့်မှန်းမသိ သူ လွန်းသာစကားကြောင့် တင်းကြပ်စွာကိုင်ထားတဲ့ ကားစီယာတိုင်ကို ဖြေလျော့လိုက်သည်။

တစ်ချိန်ထဲမှာပဲ စိတ်သက်သာရာရသွားသလို စိတ်မချတဲ့ အတွေးများလည်း ပေါ်လာတယ်။

မဖြစ်...ဒီလို မဖြစ်သင့်ဘူး။အမေ ပြောသလို သူက ကွေးတော့မှာလား။

"နောက် သူနဲ့ ဝေးဝေးနေ"
ဘာမှ စဉ်းစားချင်စိတ် မရှိတော့ပဲ၊လွန်းသာကို အဲ့ကောင်နဲ့ မရင်းနှီးစေရန် သတိပေးလိုက်သည်။ကောင်လေးက သူ့ဘက်ကို လှည့်ကြည့်ပြီး

"ဟုတ် သတိထားလိုက်ပါမယ်"

"မင်းကို ပိတ်ပင်ချင်တာ မဟုတ်ဘူးနော်...ကိုယ် ဆိုလိုချင်တာက...ကိုယ်..ကိုယ်.."

"ကျွန်တော် နားလည်ပါတယ်၊ရှင်းပြဖို့ မလိုပါဘူး"
သူ သဘောကျတဲ့ အပြုံးလေးနဲ့ စကားဆိုလာတော့ ဝိုင်ဇက် ကားတိုက်မိသလိုတောင် ဖြစ်သွားတယ်။

မဖြစ်ဘူး၊ဒီကောင်လေးက အန္တရာယ်များတယ်။အမေပြီးရင် အန္တရာယ်အများဆုံး ဒုတိယလူပဲ။

နောက်ထပ်ဘာစကားမှ မပြောတော့ပဲ အိမ်ကိုပဲ အမြန်ရောက်ဖို့ စိတ်ထဲထည့်လိုက်တယ်။

#######

ည၉နာရီရောက်တော့ ပုံမှန်လိုပဲ လွန်းသာ ကလပ်ကိုသွားဖို့ပြင်လိုက်တယ်။ခြံတံခါးကို သေချာပိတ်ပေးခဲ့ပြီး ထွက်လာလိုက်သည်။

သူ မသိလိုက်က သူထွက်ပြီးသိပ်မကြာ ခြံထဲမှ နောက်တစ်ယောက်ထွက်လာတာကိုပင်။

လွန်းသာ ကလပ်ထဲရောက်တော့ ဂျာကြီးက စားပွဲထိုးနေရာ အစားဝင်ပေးဖို့ပြောတယ်။စားပွဲထိုးဝတ်စုံကို ဝတ်ဆင်ပေးရင်း အလုပ်ကို စတင်လိုက်သည်။

The Love Of PartnerWhere stories live. Discover now