4K 322 11
                                    


အပိုင်း ၁ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေရာမှ ပထမဆုံးအကြိမ် ပြန်ကောင်းလာသော အ၇ှင်မင်းကြီး

ဒုတိယမြောက် လူနာလ ...

မြို့တော်တွင် ဆောင်းဦး ရာသီ၏ မနက်စောစော လေပြေက အေးစိမ့်နေသည်။

တောက်ပသော အဝါရောင် နဂါး အိပ်ယာထဲမှ ဖြူဖွေးနေသော လက်တစ်ဖက် ဆန့်ထုတ်လာသည်။နန်းတွင်း မိန်းမစိုးငယ်လေးက ဘေးဘက်တွင် စောင့်ဆိုင်းနေရာမှ အ၇ှင်မင်းကြီးက ခြေဗလာဖြင့် ကြမ်းပြင်သို့ ဆင်းလာတော့မည့်အား သိလိုက်ကာ ထိတ်လန့် တုန်လှုပ်သွားတော့သည်။ထျန်းဖူရှန်းဆိုသည့် ဘဏ္ဍာစိုး တဖြစ်လဲ မိန်းမစိုးကြီးက အ၇ှင်မင်းကြီးအတွက် နွေးထွေးစေမည့် ဖိနပ်ကို အပြင်ထွက် ယူနေသည်။ သည်အချိန်တွင် အ၇ှင်မင်းကြီးအား တားမည့်သူ မ၇ှိပေ။ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ရာမှ လောလောလတ်လတ် သက်သာလာသည့် အင်ပါယာက အောက်သို့ ခြေဗလာဖြင့် ဆင်းရန် ကြံနေသည်။

မိန်းမစိုးလေးမှာ တွေးနေရန် အချိန်မ၇ှိပေ။ ချက်ချင်းလိုလို အိပ်ယာ ခြေရင်း ဝပ်ဆင်းလိုက်လေသည်။ တိုင်းပြည်၏ အမြင့်မြတ်ဆုံးသော လေးစားရသည့် ပုဂ္ဂိုလ်၏ ခြေထောက်က မိန်းမစိုးလေး၏ ကျောသို့ အချိန်ကိုက် ကျလာသည်။

မိန်းမစိုးလေးမှာ ချွေးပျံသွားသည်။ သူ့ကြွက်သားတွေကို ပြေလျော့အောင် ကြိုးစားလိုက်သည်။သူ့ကျောရိုးတွေက အ၇ှင်မင်းကြီးကို မသက်မသာ ဖြစ်စေမည်ကို သူ စိုးရိမ်သည်။ ထို့အပြင် သူ့အဝတ်တွေက ကြမ်းလွန်းနေသဖြင့် အ၇ှင်မင်းကြီး၏ ခြေဖဝါးနုနတွင် ပွန်းပဲ့သွားမည်ကိုလည်း စိုးရိမ်သွားလေသည်။

အင်ပါယာက ရယ်ကာ ပြောသည်။
" ဘေးကိုသာ ဖယ်လိုက်ပါ"

မိန်းမစိုးလေးက မလိုက်နာဘဲ မနေရဲပေ။ သို့သော် သူ ဖယ်လိုက်လျှင်လည်း အ၇ှင်မင်းကြီး၏ ခြေဖဝါးနုနုက ကြမ်းအေးအေးပေါ် ချတော့ပေမည်။ ထိုသို့လည်း သူ မဖြစ်စေချင်ပြန်ပေ။သူ သတ္တိအပြည့်ဖြင့် ဆိုလိုက်သည်။

" အ၇ှင်မင်းကြီး ဒီငယ်သား မဝံ့ပါဘူး။ ကြမ်းပြင်က အေးစက်နေပါတယ်။ လေအေးကလည်း အ၇ှင့်ရဲ့ မြင့်မြတ်တဲ့ နဂါးခန္ဓာကို မသက်မသာ ဖြစ်စေနိုင်ပါတယ်"

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now