၁၆

785 118 3
                                    


အပိုင်း ၁၆
ပြူတင်းပေါက်၏အပြင်ဘက်တည့်တည့်မှ ကြွေထည်တစ်ခုခုကွဲကျသွားသလို အသံမျိုးက ထွက်လာသည်။ ကုယွမ့်ပိုင်၏ခပ်အေးအေးဖြစ်နေသော အမူအရာက ပျောက်ကွယ်သွားသည်။ သူကအော်လိုက်သည်။

“ဘယ်သူလဲ”

အစောင့်ခေါင်းဆောင်က ပြူတင်းပေါက်မှ ချက်ချင်းခုန်ထွက်သွားသည်။ သူ၏စူးရှသောအကြည့်က ထိုနေရာတွင် ကြောင်တောင်တောင်ဖြစ်နေသည့် အစေခံငယ်လေးကို တွေ့လိုက်ရသည်။ ထိုအစေခံက မင်းသားဟယ်၏ အနီးကပ်အစေခံဖြစ်ကြောင်း သိလိုက်သည်။ ခေါင်းဆောင်၏လေးနက်သောမျက်နှာက တဖြည်းဖြည်းချင်း ပြေလျော့သွား၏။ သူက ငုံ့ကြည့်လိုက်သောအခါ ကွဲကျနေသော ကျောက်စိမ်းကြွေပန်းကန်လုံးကို မြင်လိုက်ရသည်။ အတွင်းမှနီရဲရဲသွေးများက မြေပြင်တွင် ပြန့်ကျဲနေသည်။ ထို့နောက် အနီးအနားတွင်ရှိသော နံရံတွင်ပင် အနီစက်များကို တွေ့လိုက်ရသေးသည်။ အနီရောင်သွေးများကို တဖြည်းဖြည်းချင်း ဆေးကြောပေးနေရင်း အောက်ဘက်သို့ စီးဆင်းသွားစေလျက် မုန်တိုင်းအောက်မှ အစိမ်းရောင်မြက်ပင်များထဲသို့ ကျသွားစေသည်။

ထိုအနီရောင်များက တစ်စုံတစ်ယောက် အမှားလုပ်မိကြောင်းဖော်ပြရန် ကြိုးစားနေသည်။

ကုယွမ့်ပိုင်က အပြင်ဘက်သို့ထွက်လာပြီး မြေပြင်တွင်စွန်းပေနေသည့် အရှက်မဲ့သည့် နီရဲရဲသွေးများကို မြင်လိုက်သည်။ သူ၏မျက်နှာက အနည်းငယ် ပြောင်းသွားသည်။ ထို့နောက် သူက လေးနက်သောအသံဖြင့်မေးသည်။

“ဘာဖြစ်တာလဲ”

ကောင်းကင်က မိုးခြိမ်းသံကြောင့် လှုပ်ခါသွားသည်။ မဲမှောင်နေသောနေရောင်က ရုတ်ချည်းတောက်ပသွားသည်။

ဘေးနားတွင်ရပ်နေသော ငယ်ရွယ်သောအစေခံ၏မျက်နှာက ဖြူဖျော့နေပြီး ဒူးထောက်ကျသွား၏။ သူ၏ကိုယ်ကလည်း တုန်ယင်နေသည်မှာ သူ၏ကျန်းမာရေး မကောင်းသလိုပင် ထင်ရသေးသည်။

“အရှင်မင်းကြီး ဒါက မင်းသားဟယ် ပို့လိုက်တဲ့သမင်သွေးတွေပါ”

ယခုတစ်စက္ကန့်လေးတင် ပြူတင်းပေါက်ဘေးနားတွင်ရပ်လျက် အိပ်ခန်းထဲသို့ လှမ်းကြည့်နေခဲ့သည့် မင်းသားဟယ်က နောက်တစ်စက္ကန့်တွင် ဒေါသကြီးစွာဖြင့် လက်ထဲမှ သမင်သွေးပန်းကန်ကို ရိုက်ခွဲလျက် ခပ်ကြမ်းကြမ်းလှမ်းကာ ထွက်သွားခြင်းဖြစ်သည်။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now