၁၁

923 153 0
                                    

အပိုင်း(၁၁)

အရှင်မင်းကြီးရဲ့အတွေးတွေက သူ့ရဲ့ပြောစကားနဲ့ မကိုက်ညီဘူး

ရွှယ်စံအိမ်တွင်...

ရွှယ်ယွမ်က ကုတင်ပေါ်တွင် လှဲနေသည်။သူက နားထောင်လေလေ သူ​၏အပြုံးကို မဖိနှိပ်နိုင်လေလေ ဖြစ်လာသည်။

"ဒါက သူက မင်းကိုပြောလိုက်တာပေါ့"

ချန်းယွီရန်က မျက်မှောင်ကျုံ့လျက်ပြောလာသည်။

"မင်း အနည်းဆုံးတော့ အရှင်မင်းကြီး လို့သုံးနှုန်းသင့်တယ်"

ရွှယ်ယွမ်​၏ဒူးကို ဆေးပတ်တီးစည်းထားသည်။ထိုနေရာတွင် သွေးရောင်ဖျော့ဖျော့ကိုမြင်နိုင်သော်လည်းရသူက နားငျင်နေသည့်သူမဟုတ်သည့်အလား ထင်ရသည်။သူက ဒဏ်ရာကို လက်ညိုးထိုးပြီးနောက် ဖိအားတင်းကာ ပြုံးပြသလိုမျိူး မျက်နှာထားမျိုးဖြင့်ပြောလာသည်။

"ဒီဒဏ်ရာတွေက အရှင်မင်းကြီးက အပြစ်ပေးထားတာပဲ"

"မဖြစ်နိုင်ဘူး"

ချန်းယွီရန်က သတိလက်လွတ်ပြန်ငြငိးလိုက်သည်။သူက မျက်မှောင်ကြုတ်ပြီး တွေးတောပြီးနောက်ပြောလာသည်။

"မင်း အမှားတစ်ခုခုလုပ်လို့လား"

ရွှယ်ယွမ်က သူ့ကိုချက်ချင်းစိုက်ကြည့်လာသည်။သူကမေးလိုက်သည်။

"ဒီနေ့နန်းတွင်းထဲကို အရှင်မင်းကြီးက မင်းကို ဘာလို့ဆင့်ခေါ်တာလဲ"

ထိုသို့အမေးခံရသောအခါ ချန်ါ်ယွီရန်​၏ အသားအရောင်က ရုတ်တရက်တင်းကျပ်သွားပြီးနောက် မျက်နှာကလည်း ဖျားနာသလို နီရဲဆက်သွားတော့သည်။

"အရှင်မင်းကြီးက ဒီနေ့ငါ့ကို နန်းတော်ထဲဆင့်ခေါ်တာက ခစားခိုင်းတာပါပဲ။သဘာဝကျကျပဲ အရှင်မင်းကြီးနဲ့အတူ နှင်းရှုခင်းကို ခံစားဖို့အဖေယ်ပြုခိုင်းတာပေါ့"

"နှင်းရှုခင်းကိုခံစားတယ်ဟုတ်လား"

ရွှယ်ယွမ်က အိပ်ယာကို လက်ဖြင့်ထောက်လိုက်သည်။သူက ခန္ဓာကိုယ်ကို ထထိုင်နိုင်အောင် ထိုလက်တွေကို အားထည့်လိုက်ရသောကြောင့် သူ​၏ လက်မောင်းမှကြွက်သားများကတင်းကျပ်သွားသည်။သူ​၏ လက်ကပေါင်ကို တတောက်တောက်ခေါက်လျက် အတွေးနက်သွားသည်။

ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်းWhere stories live. Discover now