[47]

2.2K 411 5
                                    

[Unicode]

တကယ် ချစ်တာပါနှင့် ကျဥ်းတဲကြပ်တဲ အ​ခြေအ​နေ

ရေချိုး​ကြွေဇလုံထဲမှာချစ်ကြမှာက အရမ်းကို ရိုမန့်တစ်ဆန်​ပေမယ့်လည်း ဒါက သူ့ရဲ့ ပထမဆုံးအကြိမ်ဖြစ်​နေတာ​ကြောင့် အိုးရန်လုံသည် သူ့ကို သဘက်တစ်ထည်နဲ့ ပတ်​ပေးလိုက်ပြီး အိပ်ယာ​ပေါ်ကို ပွေ့​ခေါ်လာခဲ့သည်။

အိပ်ခန်းထဲရှိ အလင်းရောင်က အဝါမှိုင်းမှိုင်းဖြစ်​နေတဲ့အပြင် အိပ်ယာကလည်း အရမ်းကိုကြီးပြီး နူးညံ့နေတာ​ကြောင့် လှပတဲ့ ကိစ္စ​လေး​တွေကို ပုံ​​ဖော်ဖို့အတွက် အသင့်​တော်ဆုံးဖြစ်​နေပြန်​ရော။

ဆုနို အိပ်ယာ​ပေါ်မှာ လဲ​လျောင်း​နေပြီး စိတ်ထဲမှာလည်း ခိုကိုးရာမဲ့ဖြစ်​နေသလိုမျိုး ခံစား​နေရ၏။ဘာလို့လဲဆိုတော့ သူမှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး အ​တွေ့အကြုံမရှိတဲ့အပြင် လုံးဝကို အဖြူထည်​လေးဖြစ်​နေလို့ပဲ!

"ဘေဘီ​လေး....လိမ္မာပါတယ်။ကိုယ် မင်းကို ခံစားလို့​ကောင်း​အောင် လုပ်​ပေးမယ်။ဟုတ်ပြီလား?" အိုးရန်လုံ သူ့နှုတ်ခမ်း​လေးကို ခပ်ဖွဖွ​လေးနမ်း​နေပြီး သူ့ညာဘက်လက်ကလည်း အောက်ဘက်ကို တစ်ဖြည်းဖြည်း ဆင်းသွားကာ သူ့ရဲ့ သေးသွယ်တဲ့ခါး​​​လေးက​နေ ပြားချပ်ချပ်ဗိုက်သား​လေး ပြီး​တော့  အနူးညံ့ဆုံးဧရိယာ​လေးဆီမှာ သောင်တင်​နေလိုက်သည်။

“.......ကျွန်တော်တို့ နောက်​နေ့မှ လုပ်လို့မရဘူးလားဟင်?" ဆုနို အရမ်းကို စိတ်လှုပ်ရှားနေတာ​ကြောင့် သူအသံ​တွေ​တောင် တုန်ရီလို့​နေပြီး သူ ရှက်လွန်းလို့ အရင်ဦးဆုံး အလံဖြူပြလိုက်သည်။

တအား ပျော့ညံ့တာပဲ!

"မရဘူး"

အိုးရန်လုံ ဆုနိုရဲ့​စုထားသည့်ခြေ​ထောက်​တွေကို ခွဲဖို့အတွက် သူ့လက်ကိုအားသုံးလိုက်သည်။

“ကျွန်တော်တို့ စော​စော​​လေးအိပ်ပြီး ဘာလို့အနားမယူကြမှာလဲ!" ဆုနို အတတ်နိုင်ဆုံး သူ့ကို တွန်းဖယ်ဖို့ကြိုးစားလိုက်သည်။

အိုးရန်လုံက​တော့ သူ​ပြောသမျှကို လုံးလုံးလျစ်လျူရှူကာ သူ့မျက်နှာအနှံ လိုက်နမ်းလို့​နေသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now