[49.1]

2K 354 2
                                    

[Unicode]

ထင်​ယောင်ထင်မှားတစ်ခုနှင့် နွေး​​ထွေးတဲ့ ရေကန်ထဲက ဖားငယ်က​လေး

ဥက္ကဌမုက အချိန်အကြာကြီး စောင့်ကြိုနေခဲ့ရတဲ့ဆုလာဘ်ကို လက်လွတ်သွားစေမှာမဟုတ်မှန်း သေချာတဲ့အတွက် သူ တစ်ဖက်လူကို ဆိုဖာပေါ် တွန်းလှဲချလိုက်ပြီး ပိုတိုးကာ ပြင်းပြင်းထန်ထန်နမ်းရှိုက်လိုက်သည်။ တစ်ဖက်က တစ်လက်မပေးရင် တစ်မိုင်စာ ယူတဲ့ သူတစ်​ယောက်ပင်။

ကံ​မ​​ကောင်းစွာနဲ့ပဲ ဒီလိုအ​ရေးကြီးတဲ့အချိန်မျိုးမှာ ကျုံးလီဖုန်းပိုင်ရဲ့ ဦး​နှောက်က လုံးဝခဏတာ အဆက်အသွယ်ပျက်သွား​တော့သည်။တစ်ခြားနည်းလမ်းနဲ့ ပြောရရင် သူ အံ့သြတကြီးဖြစ်သွားလို့ ဆွံအသွားတာပဲဖြစ်သည်။

သူ့ရဲ့ စိတ်က အဖြူထည်​လေးဖြစ်ပြီး မစဥ်းစားနိုင်တဲ့ အ​ခြေအ​နေ​တွေ​ကြောင့် ခုခံမှုဇီးရိုးအ​နေအထားဖြင့် မုချိုးရဲ့ နမ်းရှိုက်မှုကို တကယ်ကြီး လက်ခံ​နေရတာပဲဖြစ်သည်။

ထပ်ဖြည့်ပြီး ပြောရရင်​တော့ အနုပညာရှင်လူငယ်​လေးတစ်​ယောက်အ​နေနဲ့ နမ်းတဲ့​နေရာမှာ အ​တွေ့အကြုံက ဇီးရိုးသာရှိပြီး သူအသက်ရှူကြပ်လုနီးပါး ဖြစ်​နေ​တော့သည်။အောက်စီဂျင်ပြတ်လပ်မှု​ကြောင့် သူ့ဦး​နှောက်ကြီးက ပိုပြီးတော့တောင် ကွက်လပ်ကြီးဖြစ်​နေပြီး သူသတိလစ်​တော့မယ်လို့သာ ခံစားမိ​တော့သည်။

ပူနွေးတဲ့ နှုတ်ခမ်းသား​တွေက အချင်းချင်းချိတ်ဆက်မိသွားပြီး လေထုသည်လည်း အချစ်​တွေနဲ့ ထုံလွှမ်းသွားရသည်။ မုချိုး တစ်ဖက်လူရဲ့ခါးကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူရဲ့အနမ်းတွေက သူ့​အောက်က လူ​သေး​သေး​လေးရဲ့ ဖျော့​တော့​နေသည့် လည်ပင်း
သားကို နမ်းရှိုက်လိုက်ပြီး တဖြည်းဖြည်းနဲ့ အထိမခံတဲ့ နားသီး​လေး​တွေဆီကို သက်ဆင်းလာကာ တပ်မက်မှု ရမ္မက်အနည်းငယ်ကိုသယ်ဆောင်လာသည်။

သူ့နားမှာ နွေးထွေးပြီး လေးလံတဲ့ဆံပင်တွေကိုခံစားနေရသလိုပဲ!

ကျုံးလီဖုန်းပိုင်သည် အလိုအလျောက်တုန်လှုပ်လာပြီး သူဆီကို ဝင်ရောက်လာမယ့်တိုက်ခိုက်မှုတွေကို ရှောင်တိမ်းချင်ဟန်တူသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now