[49.2]

1.8K 371 9
                                    

[Unicode]

ထင်​ယောင်ထင်မှားတစ်ခုနှင့် နွေး​​ထွေးတဲ့ ရေကန်ထဲက ဖားငယ်က​လေး

ဒါရိုက်တာကျုံးသည် တစ်ချိန်က Tian Hu group အတွက် ကြော်ငြာတစ်ခုရိုက်ကူးခဲ့ဖူးသော်လည်း ရီနို၏အကောင့်ကို follow မလုပ်ခဲ့ဖူး​ပေမယ့် Tian Hu ၏တရားဝင် အကောင့်ကို​တော့ follow လုပ်ခဲ့သည်။

သို့သော် မုချိုး အတွက်ကံမကောင်းသည်မှာ ဒီကုမ္ပဏီရဲ့တရားဝင်အကောင့်က လုံးဝကြီးကို လေးနက်မှုမရှိတာပင်။ သူတို့ရဲ့လှပတဲ့ဘော့စ်မမ​လေးက ပုံအသစ်တစ်ပုံ တင်လိုက်သည်ကို မြင်ပြီးနောက် သူတို့ ချက်ချင်းပင် တရားဝင်အ​ကောင့်မှာပါ စိတ်ပါလက်ပါပြန်တင်ပြီး ရီနိုကို မကြာခင်လက်ထပ်နိုင်ဖို့ သူတို့ရဲ့ဆန္ဒတွေကိုပါ ထပ်ဖြည့်ကာ ဆု​တောင်းစကား ပြောထားလိုက်သေးသည်။

ထို့ကြောင့် ကျုံးလီဖုန်းပိုင်သည် အိပ်ရာမ၀င်မီ ၀က်ဘ်ဆိုက်အား ဆွဲကြည့်သောအခါ သူ ၎င်းပုံကို ကွက်ကွက်ကွင်းကွင်းပင် မြင်လိုက်ရ၏။

ဒါ တကယ်ကိုထိတ်လန့်စရာပဲ!

သူတို့ရဲ့မင်္ဂလာဆောင်လက်မှတ်တွေမှာသုံးမယ့်ပုံနဲ့တူတဲ့ဓာတ်ပုံကို မြင်ပြီးနောက် ကျုံးလီဖုန်းပိုင် သူမှားမြင်မိတယ်လို့​တောင် သူပထမဦးဆုံး ထင်မိလိုက်​သည်။ ထို့နောက် သူ ပုံကို ချဲ့ကြည့်လိုက်​သောအခါ တကယ်ပဲ မုချိုးဖြစ်​နေတာကို တွေ့လိုက်ရသည်။ ပြီးတော့ ပို့စ်တင်တဲ့အချိန်ကလည်း လွန်ခဲ့တဲ့သုံးနာရီလောက်ကပဲ ရှိသေးပြန်သည်။

ထို့ကြောင့် အ​ခြေခံကျကျ ပြောရရင် သူ့ကိုအတင်းအကြပ်နမ်းပြီးတော့ မုချိုးက အနီရောင်ဝတ်စုံဝတ်ထားပြီး ရင်သားအကြီးကြီး​တွေရှိတဲ့ အလှ​လေး ရှိတဲ့ ဘားကို ဓါတ်ပုံအတူတူတွဲရိုက်ဖို့အတွက် ဦးတည်သွားလိုက်တယ်​ပေါ့။
ဒါ ဘယ်လို စက်ဆုပ်စရာဇာတ်လမ်းအလှည့်အ​ပြောင်းကြီးလဲ!

ကျုံးလီဖုန်းပိုင်သည် စိတ်အထစ်အငေါ့ဖြစ်နေပြီး ရိုးရှင်းသည့်စာကြောင်းများကို မည်သို့ဖွဲ့ဆိုရမည်ကိုပင်မေ့သွားလေပြီ။

ဒါ!

တကယ်!

မိုး!

မေ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now