[49.3]

2.1K 367 10
                                    

[Unicode]

ထင်​ယောင်ထင်မှားတစ်ခုနှင့် နွေး​​ထွေးတဲ့ ရေကန်ထဲက ဖားငယ်က​လေး

ကိုယ်ချစ်ရသူ ချက်ပြုတ်ပေးတဲ့ နေ့လည်စာထက် ဘယ်သူချက်​ပေးတာကမှ အမှန်တကယ် ပိုကောင်းနိုင်ဖွယ်မရှိ။

"ဒါရိုက်တာကြီး ဒီနေ့အလုပ်မရှိဘူးလား?" ဆုနို သူ့ကိုအနောက်ကနေ ပွေ့ဖက်လိုက်ပြီး အလွန်ပင် စိတ်ကျေနပ်ပျော်ရွှင်နေပုံရသည်။

"ကိုယ်နေ့လည်မှာ​တော့ အစည်းအဝေးတစ်ခုရှိတယ်။ ဒါပေမယ့် ကိုယ်က မင်းနဲ့ခဏလောက်နေချင်တယ်"

အိုးရန်လုံ အပူချိန်ကို ပြန်​လျှော့လိုက်ပြီး တစ်ဖက်ကိုလှည့်ကာ ပြန်​ပွေ့ဖက်လိုက်သည်။ "မနေ့ညက မင်းကောင်းကောင်းအိပ်ပျော်ရဲ့လား?"

"အင်း.." ဆုနိုက အရမ်းကို နာခံတတ်သည့် ပုံစံ​လေးဖြင့် သူ့ရင်ခွင်ထဲကို ဝင်နားလိုက်သည်။သူ့ ရင်ခွင်ထဲမှာ မှီတွယ်​နေရင်း သူရဲ့အစ်ကိုကြီးရဲ့ 'ညအိပ်မယ်'ဆိုတဲ့ ဆုံးဖြတ်ချက်ကို တွေးမိရင်း စိတ်ထဲမှာ ညည်းညူနေမိသည်။

အား..!အစ်ကိုကြီးသာ လာမအိပ်ဘူးဆိုရင် မ​နေ့ညကလိုပဲ သူ့ရဲ့ ခန့်ညားတဲ့ မစ္စတာဒါရိုက်တာကြီးရဲ့ ရင်ခွင်ထဲမှာ အိပ်လို့ရအုံးမှာကို! တကယ့်ကို ဝမ်းနည်းစရာပဲ!

"အဲ့ဒီနေရာလေးက မသက်မသာဖြစ်နေသေးလား?" သူ မနေ့ညတုန်းက နည်းနည်းလေး လက်လွန်​ခြေလွန်ဖြစ်သွားသည့်အတွက် ဒီ့ကိစ္စ​နဲ့ ပတ်သက်ပြီး သူ အ​တော်​လေး စိုးရိမ်နေမိသည်။

ဆုနို၏မျက်နှာမှာ ချက်ချင်းပင် ပူထူသွား၏။အဲ့-ဒီ-​နေ-ရာ ဆိုတာ ဘယ်​နေရာလဲ?!

"အဆင်ပြေလားသိရ​အောင် ကိုယ့်ကို စစ်ဆေးခွင့်ပြု။ဟုတ်ပြီလား?" အိုးရန်လုံ၏အသံက နူးညံ့သိမ်မွေ့လွန်းသည်။

ဆုနို ခေါင်းကိုခပ်ပြင်းပြင်းခါလိုက်သည်။

ဒါရိုက်တာက သက်ပြင်းချလိုက်ပြီး“ ကိုယ်မင်းကို စိတ်ပူလို့ပါ”

"တကယ်ကောင်းနေပါပြီ" ဆုနို၏နားတွေက နီရဲ​နေကာ သူမျက်နှာနှင့် အလွန်လိုက်ဖက်လို့နေသည်။ သူ့ရဲ့ပန်းသေးသေးလေး အ​ကြောင်းကို ပေါ့ပေါ့ပါးပါး ပြော​နေသလိုမျိုးမပြောနိုင်ဘူး!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now